ပဲခူးမြို့ ဧရာဝတီဘဏ် ငွေသယ်ယာဉ် လုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူတရားခံများအား ကိုးနာရီအတွင်း ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်နိုင်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု

ပဲခူး စက်တင်ဘာ ၁၆ 


စက်တင်ဘာ ၁၃ ရက်က  ဖြစ်ပွားခဲ့သည့်  ပဲခူးမြို့ ဧရာဝတီဘဏ် ငွေသယ်ယာဉ် လုယက်မှုဖြစ်စဉ်၌    ပြစ်မှုကျူးလွန်သူ တရားခံများအား ကိုးနာရီအတွင်း ကြိုးပမ်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သော   လုံခြုံရေး တပ်ဖွဲ့ဝင်များအား   ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို   ပဲခူးမြို့   မြို့တော်ခန်းမ၌ ယမန်နေ့ည ၇ နာရီက ကျင်းပသည်။

ရှေးဦးစွာ   ပဲခူးတိုင်းဒေသကြီး   ဝန်ကြီးချုပ်    ဦးမျိုးဆွေဝင်းက  ပဲခူးမြို့ ဧရာဝတီဘဏ်  ငွေသယ်ယာဉ် လုယက်မှု ဖြစ်စဉ်၌     ပြစ်မှုကျူးလွန်သူများအား  ကိုးနာရီအတွင်း    ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အတွက်  စွမ်းစွမ်းတမံ ဝိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်    တပ်မ တော်သားများ၊  တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ စစ်ဘက်ရေးရာ  လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအား    ဂုဏ်ပြုအမှာစကား ပြောကြားသည်။


ထို့နောက်   တိုင်းဒေသကြီးဝန်ကြီး ချုပ်က   ပြစ်မှုကျူးလွန်သူတရားခံများ အား  အချိန်တိုအတွင်း  ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သည့်    တပ်မတော်သား များအတွက် ဂုဏ်ပြုဆုငွေကျပ် ၄၅ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊   တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဘက်ရေးရာ  လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ဂုဏ်ပြုဆုငွေကျပ်သိန်း ၂၀ နှင့်     ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူးချုပ်ထိန်ဝင်းက ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ       တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုဆုငွေကျပ်  ၃၅ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း  ပေးအပ် ချီးမြှင့်သည်။ 


ယင်းနောက်  ဂုဏ်ပြုခံတပ်ဖွဲ့ဝင်များ ကိုယ်စား ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးတင်ထွဋ်က ကျေးဇူးတင်စကား  ပြောကြားသည်။
စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက    ပဲခူးမြို့  ဧရာဝတီဘဏ်ခွဲ(၁)မှ  ငွေကျပ် လေးဘီလီယံခန့်အား ရန်ကုန်မြို့သို့ သယ် ဆောင်စဉ်   ပဲခူးမြို့နယ်  ဘူးလယ်အင်း ကျေးရွာအုပ်စု၊  ရန်ကုန်-မန္တလေး ကား လမ်းဟောင်း မိုင်တိုင်အမှတ်(၂၅/၅)သို့ ရောက်ရှိစဉ်  PDF  အကြမ်းဖက်အဖွဲ့ဝင်များ ၏ လုယက်ခြင်းခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ စွမ်းစွမ်းတမံကြိုးပမ်းဖော်ထုတ် မှု၊ တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတို့ကြောင့်  ကိုးနာရီအတွင်း ပြစ်မှုကျူးလွန်သူ   တရားခံများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့သဖြင့် အဆိုပါ     ဖမ်းဆီးဆောင်ရွက်မှုတွင် စွမ်းစွမ်းတမံ ကြိုးပမ်းပါဝင်ဆောင်ရွက် ခဲ့သည့်     လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုညစာစားပွဲ   ပြုလုပ်ပေးခြင်းဖြစ် ကြောင်း သိရသည်။            

 

သတင်းစဉ်