
ပဲခူး သြဂုတ် ၃၁
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော် ဓော စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ရွှေကျောင်းတော် ကျောက်ပန်းတောင်း ဓမ္မာရုံကြီး၌ သြဂုတ် ၃၁ ရက် နံနက်ပိုင်းက ဂေါပကအဖွဲ့ကကြီးမှူး၍ (၃၅)ကြိမ် မြောက် ဝါခေါင်လပြည့် မေတ္တာ အခါတော်နေ့ အခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဆုတောင်းပြည့် ရွှေမော်ဓောစေတီ တော်မြတ်ကြီး၏ ဂေါပကအဖွဲ့၊ အလှည့်ကျသဘာပတိ ဦးမြင့်စိုး က မေတ္တာအခါတော်နေ့ ကျင်းပ ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း လျှောက်ထားသည်။
ထို့နောက် ဧည့်ပရိသတ် အပေါင်း က စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ၊ ပဲခူးမြို့မစာသင် တိုက်၊ ပဓာနနာယက ဆရာ တော်ထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်ကြသည်။
ယင်းနောက် မေတ္တသုတ် ပါဠိတော်ဘာသာပြန် ရှစ်လုံးဘွဲ့ ကဗျာကို စုပေါင်းရွတ်ဆိုကာ မေတ္တာပွားများကြပြီး သြဝါဒါ စရိယ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် လှူဒါန်းမှုအစုစု အတွက် သြဝါဒါစရိယကြခတ်ဝိုင်း စာသင်တိုက် ပဓာနနာယကဆရာ တော်ထံမှ အနုမောဒနာတရား နာယူပြီး ရေစက်သွန်းချခဲ့ ကြောင်း သိရသည်။
မောင်ကျော်ကြီး