
ပဲခူး မေ ၁၄
ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောတီတော်မြတ်ကြီး (၇၁)ကြိမ်မြောက် ကဆုန် ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲကို အဆိုပါ စေတီတော်မြတ်ကြီးရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်၌ယနေ့ ကဆုန် လပြည့်(ဗုဒ္ဓနေ့) နံနက်ပိုင်းတွင် ကျင်းပသည်။
အဆိုပါ ညောင်ရေသွန်းလောင်းပူဇော်ပွဲတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယောဂီများနှင့် ဘုရားဖူးလာပြည်သူများက အရပ် လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာ အစရှိ သည်တို့ကို ဒုက္ခပ္ပတ္တာစနိဒ္ဒါက္ခာဂါထာတော်၊ ကိုယ်စိတ်နှစ်ဝ ချမ်းသာကြစေဂါထာတော်နှင့် ကိုယ်စောင့်နတ်၊ ဗောဓိပင်စောင့်နတ် အစရှိသည် တို့ကို ရွတ်ဆိုမေတ္တာပို့သပြီး မြတ်ဗုဒ္ဓ၏ ပရိဘောဂ စေတီတော်ဖြစ်သည့် ရွှေညောင်ပင်နှင့် ဗုဒ္ဓရုပ်ပွား တော်တို့အား မြတ်ဗုဒ္ဓအား ရည်စူး၍ညောင်ရေများသွန်းလောင်းပူဇော်ကြသည်။
ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ ပဲခူးမြို့ရှိ မဟာစေတီ တော်မြတ်ကြီး၊ ရွှေသာလျောင်း ရုပ်ပွားတော်မြတ် ကြီး၊ ဗုဒ္ဓဂယာစေတီတော်မြတ်ကြီး၊ ကျိုက်ပွန် လေးမျက်နှာစေတီ တော်မြတ်ကြီး၊ ဟင်္သာကုန်းစေတီ တော်မြတ်ကြီးစသည့် ဘုရား၊ ပုထိုး၊ စေတီတော် များတို့တွင် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများက ကဆုန် ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲများ၊ စတုဒိသာ များကျွေးမွေးလှူဒါန်းခြင်းများ စည်ကားသိုက်မြိုက် စွာ ကျင်းပပြုလုပ်လျက်ရှိသည့်အပြင် ရပ်ကွက်များ အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိက အဆောက်အဦ ဓမ္မာရုံများရှိ ဗဟာဗောဓိညောင်ပင် များ၌ မြတ်ဗုဒ္ဓ၏ ပရိဘောဂစေတီတော်ဖြစ်သည့် ညောင်ပင်ကို ညောင်ရေများသွန်းလောင်းပူဇော်ကြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့ရွာသန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း ၍(တတိယပတ်) စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှု များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်