ပဲခူးမြစ်ကူး သန်လျင်တံတား(အမှတ်- ၁) ရေလမ်းပြောင်းလဲမည်

 

နေပြည်တော်   ဇွန်   ၂ 
ပဲခူးမြစ်ကူး သန်လျင်တံတား( အမှတ်- ၁ )ရေလမ်းတွင် ရေယာဉ် များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၅)နှင့် (၆)အကြားမှ လည်းကောင်း၊ အဆန် လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၆)နှင့် (၇)အကြားမှလည်းကောင်း ဖွင့်လှစ်ထားခဲ့သည်။ ယခုအခါ ရေလမ်းကြောင်း အခြေအနေအရ ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ၂၀၂၃ ခုနှစ် ဇွန်လ ၆  ရက်နေ့မှစ၍ အစုန်ရေလမ်းအဖြစ် ရေလယ်တိုင် အမှတ်(၁၂)နှင့် (၁၃)အကြားမှလည်းကောင်း၊ အဆန်ရေလမ်းအဖြစ် ရေလယ်တိုင်   အမှတ် (၁၁)နှင့် (၁၂)   အကြားမှလည်းကောင်း  ပြောင်းလဲဖွင့်လှစ်မည် ဖြစ်သည်။ 
ပြောင်းလဲမည့်    ရေလမ်းကြောင်း၏  ကင်းလွတ်အကျယ်မှာ ပေ ၂၁၀ ရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး  ရေမျက်နှာပြင်အထက် ၂၆ ပေရှိသည်။ ရေယာဉ်များ   ဖြတ်သန်းရမည့်  ဝင်ပေါက်တွင်  နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသားပြသ၍ ညအခါ မီးစိမ်းထွန်း ပြသထားမည်။   မဝင်ရမည့်ရေလမ်းတွင်   နေ့အခါ   အနီရောင် ကြက်ခြေခတ် အမှတ်အသားပြသ၍   ညအခါ မီးနီထွန်း ပြသထား မည်။
တံတားရေလမ်းကို   ဖြတ်သန်းကြမည့်    ရေယာဉ်များသည် ရေလယ်တိုင်နှစ်ခုအကြား  ယှဉ်ပြိုင်ခုတ်မောင်းခြင်းမပြုရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ  ချိတ်ဆွဲဖြတ်သန်းကြရန် အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက် သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့်    ထိန်းသိမ်း ခုတ်မောင်းကြရန်   ရေအရင်းအမြစ်နှင့်    မြစ်ချောင်းများ    ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန် ထားကြောင်း သိရသည်။                                      သတင်းစဉ်