
ပဲခူး ဇူလိုင် ၂၉
ပဲခူးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက စတင်ပြီး ပဲခူး၊ သနပ်ပင်၊ ရွှေကျင်မြို့နယ်များ၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အသက် ၆၅ နှစ်အထက် ပြည်သူများ၊ စေတနာ့ဝန်ထမ်းများအား သတ်မှတ်စုရပ်နေရာ များတွင် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို တပ်မတော်မှ ဆေး အဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းပြီးထိုးနှံပေးကြကြောင်း သိရ သည်။
ကာကွယ်ဆေးထိုးနှံပေး
ပဲခူးမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် နေရာသုံးနေရာခွဲ၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင် ၁၀၀ အား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ လည်းကောင်း၊ ပထမအကြိမ်ထိုးနှံမည့် အသက် ၆၅ နှစ်အထက် ပြည်သူ ၃၁၉၄၃ ဦးအနက်မှ ၁၃၃ ဦးအား ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ဒေသန္တရ)နှင့် မြို့တော်ခန်းမတို့၌ လည်းကောင်း၊ စေတနာ့ဝန်ထမ်း ၂၅ ဦးအား မြို့တော်ခန်းမ၌ လည်းကောင်း ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ သနပ်ပင်မြို့နယ်အတွင်းရှိ သတ်မှတ် စုရပ်နေရာများ၌လည်း မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် ပြည်သူ ၁၀၀၃၁ ဦးအနက်မှ ၇၀ နှင့် စေတနာ့ဝန်ထမ်း ကိုးဦးတို့အား သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၏ အနီးကပ်ကြီးကြပ်မှု ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်အတွင်းရှိ မြို့တော်ခန်းမ၊ မြို့နယ် အားကစားခန်းမနှင့် ခုတင်(၁၀၀)ပြည်သူ့ဆေးရုံတို့ ၌ မွန်းတည့် ၁၂ နာရီမှစ၍ တပ်မတော်ဆေးအဖွဲ့ နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ် ရေးဝန်ထမ်းများ ပူးပေါင်းပြီး အသက် ၆၅ နှစ်နှင့် အထက် ပြည်သူ ၆၄၀၀ အနက်မှ ၁၄၆ ဦး၊ စေတနာ့ ဝန်ထမ်း ၁၁၅ ဦးအနက်မှ ၂၆ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)