ပဲခူး-ရန်ကုန် ခရီးစဉ်အား ကားသစ်ကြီးများဖြင့် ယာဉ်လိုင်းအသစ် စတင်ပြေးဆွဲ

 

ပဲခူး  ဒီဇင်ဘာ  ၁၅


Myanmar Trade Center  ကုမ္ပဏီမှ DAEWOO ကားသစ်ကြီးများဖြင့် ပဲခူး-ရန်ကုန်၊ ရန်ကုန်-ပဲခူးခရီးစဉ်ကို ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ယာဉ်လိုင်းသစ် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ယာဉ်လိုင်း သည် ပဲခူးမြို့ ကျွန်းသာယာအဝေးပြေးယာဉ်ရပ်နားဝင်းမှ ရန်ကုန်မြို့သို့ ပြည်လမ်းတစ်လျှောက် စော်ဘွား ကြီးကုန်း   ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားဝင်းအထိ    
နေ့စဉ်   ပြေးဆွဲပေးမည်ဖြစ်ပြီး Daewoo Intercity Bus BS 106 (Aircon   Bus)  ယာဉ်လိုင်း အသစ်  ဖြင့်      ယနေ့နံနက်မှစတင်ကာ လိုင်းအသစ် ပြေးဆွဲပြီဖြစ်ကြောင်း သိရသည်။

 


“သယ်ယူပို့‌ဆောင်ရေးကုမ္ပဏီ ဖြစ်တဲ့ Myanmar Trade Center ကုမ္ပဏီကနေပြီးတော့ Daewoo Intercity Bus BS 106 (Aircon Bus)   ကားတွေနဲ့‌     ခရီးသည် သီးသန့်ပြေးဆွဲတာဖြစ်ပြီး ခရီးစဉ် တွေကတော့    ပဲခူးကနေ  မနက် ၆  နာရီစပြီး ညနေ  ၃ နာရီခွဲ အထိ နဲ့ ရန်ကုန်ကနေ မနက် ၈ နာရီ ကနေ ညနေ ၆ နာရီအထိ နာရီ ဝက်တစ်ကြိမ်ခြားပြီး ပြေးဆွဲပေး ပါတယ်။

 

ပဲခူးမှ ရန်ကုန်သို့ နံနက်  ၆ နာရီတစ်ကြိမ်၊ နံနက် ၆ နာရီခွဲ တစ်ကြိမ်၊ နံနက် ၇ နာရီတစ်ကြိမ်၊ နံနက် ၇ နာရီခွဲတစ်ကြိမ်၊ မွန်းလွဲ ၂ နာရီ၊ ညနေ ၂ နာရီခွဲ၊  ညနေ       ၃ နာရီ၊ ညနေ ၃ နာရီခွဲတစ်ကြိမ် ရန်ကုန်မှ ပဲခူးသို့ နံနက် ၈ နာရီ၊ နံနက် ၈ နာရီခွဲ၊ နံနက် ၉ နာရီ နံနက် ၉ နာရီခွဲနှင့် ညနေ ၄ နာရီခွဲ၊ ညနေ ၅ နာရီ ၊ ညနေ ၅ နာရီခွဲ၊ ညနေ  ၆ နာရီ အချိန်များတွင် ပြေးဆွဲပေး‌နေကြောင်း၊    ယာဉ် တစ်စီးလုံးတွင် ခုံပေါင်း ၄၁ခုံ ပါဝင် ပြီး  ကြားခုံလုံးဝမထားကြောင်း၊    ယာဉ်စီးခမှာ    ခရီးစဉ် စ/ဆုံး အတွက်   ခရီးသည်တစ်ဦးလျှင်    ငွေကျပ်   ၂၀၀၀  ဖြစ်ကြောင်း ”   ပဲခူးယာဉ်လိုင်းဂိတ်မှူး ဦးပြည့် ဖြိုးအောင်ထံမှ သိရသည်။

 


အဆိုပါယာဉ်လိုင်းအား    ယခု လောလောဆယ်တွင်   ပဲခူးကျွန်း သာယာ     ယာဉ်ရပ်နားဝင်းတွင် ဂိတ်ထိုးပြေးဆွဲ‌နေပြီး   ခရီးသွား ပြည်သူများ    သွားလာရာတွင် ပိုမို   အဆင်ပြေစေရန်အတွက် မကြာမီ အောင်‌မြေသာ (ကလိ ယာဉ်ရပ်နားဝင်းတွင်)ဂိတ်ထား ပြေးဆွဲမည်    ဖြစ်ကြောင်းနှင့် ကျန်းမာရေး     ဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်း များနှင့်အညီ   ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။ 
               

မောင်ယဉ်ဦး