
ပဲခူး ဧပြီ ၁၁
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါစေတီတော် မြတ်ကြီး ရင်ပြင်တော်ရှိ ကျောက်ပန်းတောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များ က ဩဝါဒါစရိယ ဆရာတော်ထံမှ ငါးပါးသီလနှင့် ဩဝါဒကထာနာ ယူကြပြီး ဆရာတော်များ ချီးမြှင့်သည့် ပရိတ်တရားတော် များ နာယူကြည်ညိုကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရား သူကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ ကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးတို့က ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး (၂၆၀၄)နှစ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။
ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး (၂၆၀၄)နှစ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီ ၁၀ရက်မှ ၁၉ ရက်အထိစည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ် ပြီး ဧပြီ ၁၄ ရက်နံနက်ပိုင်းတွင် အနေကဇာတင်ခြင်းနှင့် တစ်နေ့ တာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ တန်ခူးလပြည့် ဧပြီ ၁၅ရက် နံနက် ပိုင်းတွင် ဆွမ်းတော်ကြီးတင်လှူ ပူဇော်ခြင်းနှင့် ညနေပိုင်းတွင် ဘုရားအမှူးပြုသော သံဃာတော် အပါး ၅၀၀ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ အများ ပေါင်းစု ကောင်းမှုကုသိုလ်တို့ဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော် ခြင်းများ ကျင်းပသွားမည်ဖြစ်ပြီး တန်ခူးလပြည့်ကျော် ၅ရက်၊ ဧပြီ ၂၀ ရက် နံနက်ပိုင်းတွင် ဗုဒ္ဓပူဇနိယ ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်