ပဲခူး - မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား ရထားလမ်းပေါ်တွင် မိုင်းဖောက်ခွဲထားမှုကြောင့် လူစီးရထားလမ်းချော်ကျမှုဖြစ်ပွားပြီး ရထားများကြန့်ကြာမှုဖြစ်

 

နေပြည်တော်   ဇူလိုင်   ၁၇


ယနေ့   မော်လမြိုင်မှထွက်ခွာလာသည့် အမှတ်(၈၂)အစုန်  မော်လမြိုင် - ရန်ကုန် လူစီးအမြန်ရထားသည်     မွန်ပြည်နယ် သထုံမြို့နယ်  သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်း ဘူတာအကြား မိုင်တိုင် အမှတ်၊ ၁၂၃/၁၇-၁၅ သို့  နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန် ရထားရောက်ရှိဖြတ်သန်းစဉ်   အဆိုပါ နေရာ၌   ရထားလမ်းမိုင်းပေါက်ကွဲထား ခြင်းကြောင့် သံလမ်းတစ်ပေခွဲခန့် ပြတ် တောက်နေသဖြင့်   စက်ခေါင်းနှင့်အတူ ရထားတွဲဆိုင်းတွင်ပါရှိသော    လူစီးတွဲ နှစ်တွဲ   လမ်းချော်ကျမှု    ဖြစ်ပွားသည်။ ရထားလမ်းချော်ကျမှုကြောင့်  ခရီးသည် နှင့် ဝန်ထမ်းထိခိုက်မှုမရှိဘဲ  သိမ်ဆိပ်-ဒုံဝန်း လမ်းပိုင်းကို  နံနက် ၁၁ နာရီ ၁၃ မိနစ်တွင် ယာယီပိတ်ထားခဲ့ရသည်။
လမ်းပိုင်းပိတ်ဆို့မှုကြောင့်     ယနေ့ နံနက်ပိုင်းတွင်  ရန်ကုန်မှ  ပုံမှန်ထွက်ခွာ လာသော အမှတ် (၈၁)အဆန် လူစီးရထား သည် နံနက် ၁၁ နာရီ ၄၄ မိနစ်အချိန်တွင် ကျိုက်ထိုသို့     ရောက်ရှိနေပြီး    အဆိုပါ ရထားတွင် ရိုးရိုးတန်းခရီးသည် ၄၆၀ နှင့် အထက်တန်းခရီးသည် ၂၃၅ ဦး စုစုပေါင်း ၆၉၅ ဦး ပါရှိကြောင်း သိရှိရသည်။
ဆက်လက်ပို့ဆောင်
လမ်းချော်ကျသည့်     မော်လမြိုင်မှ ထွက်ခွာလာသော    အမှတ်(၈၂)အစုန် လူစီးအမြန်ရထားပေါ်တွင်   လိုက်ပါလာ သည့် ရိုးရိုးတန်းခရီးသည် ၃၁၃ ဦးနှင့် အထက်တန်းခရီးသည် ၁၄၆ ဦး စုစုပေါင်း ၄၅၉  ဦးအား ဆက်လက်ထွက်ခွာနိုင်ရေး အတွက်  ကျိုက်ထိုတွင် ရောက်ရှိနေသော အမှတ်(၈၁)အဆန်   လူစီးအမြန်ရထား သည် ရထားလမ်းချော်ကျသည့် နေရာသို့ ရောက်ရှိပြီး ညနေ ၄ နာရီခွဲတွင် ခရီးသည် များအား  ရထားကူးပြောင်းပြီးစီး၍ ညနေ ၅ နာရီခွဲတွင်  အမှတ်(၈၂) အစုန် လူစီး အမြန်ရထားအဖြစ်         ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင်ပေးနိုင်ခဲ့သည်။
အမှတ်(၈၁)အဆန်   လူစီးအမြန် ရထားမှ  ခရီးသည်များ ဆက်လက်ထွက်ခွာ နိုင်ရေးအတွက်     လမ်းချော်ကျသော အမှတ်(၈၂) အစုန် တွဲဆိုင်း၏ လမ်းချော် မကျသောတွဲများဖြင့်  ခရီးသည်များကို ကူးပြောင်းပြီး ညနေ ၅ နာရီ ၁၅ မိနစ်တွင် သထုံဘူတာဘက်သို့ ဆက်လက်ထွက်ခွာ ပေးနိုင်ခဲ့သည်။    အဆိုပါခရီးသည်များ အဆင်ပြေစွာ ဆက်လက်ပို့ဆောင်ပေးနိုင် ရေးအတွက်     မော်လမြိုင်တွင်ရှိသော စက်ခေါင်းနှင့်  အရန်တွဲဆိုင်းဖြင့် သထုံ ဘူတာမှ စောင့်ကြိုပြီး အမှတ်(၈၁)အဆန် ရထားအဖြစ် မော်လမြိုင်သို့ ဆက်လက် ပို့ဆောင်ပေးခဲ့သည်။
ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်
မိုင်းဖောက်ခွဲ      ဖျက်ဆီးခံရမှုကြောင့် ရထားလမ်းချော်ကျမှု ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့  နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန် နှင့်တစ်ပြေးညီ  နယ်မြေရှင်းလင်းစစ်ဆေး ခြင်း၊    မြန်မာ့မီးရထားဝန်ထမ်းများက လည်း လမ်းချော်ကျသော ရထားစက်ခေါင်း နှင့် လူစီးတွဲနှစ်တွဲကိုမတင်၍ လမ်းပိုင်း အား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
အကြမ်းဖက်    သောင်းကျန်းသူအဖွဲ့ များအနေဖြင့်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှစ၍   ယခုအချိန်အထိ   မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်း နှင့်      ရထားဘူတာ     နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၂၀၆)ကြိမ်၊ ရထားတံတား/  သံလမ်းများကို   မိုင်းခွဲ ဖျက်ဆီးခြင်း  (၁၆၆) ကြိမ်၊       ဘူတာ အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များ အား     မီးရှို့ဖျက်ဆီးခြင်း   (၄၂)  ကြိမ် ကျူးလွန်ခဲ့ကြသည်။
ကျူးလွန်ဖျက်ဆီး
နိုင်ငံတော်အစိုးရအနေဖြင့်   အများ ပြည်သူခရီးသွားလာမှုနှင့်     ကုန်စည် ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေ ရေးအတွက်   ရထားလမ်းနှင့်    အခြေခံ အဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန် လာစေရေး၊     ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ ကို ရည်မှန်းချက်ထားရှိ၍  အစဉ်တစိုက် အလေးထား     စီမံဆောင်ရွက်ပေးလျက် ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူ များအနေဖြင့်      နိုင်ငံတော်ပိုင်ရထား စက်ခေါင်းနှင့်တွဲများ၊    ရထားလမ်းနှင့် တံတားများ၊   ခရီးသည်များနှင့် ကုန်စည် များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီး ခရီးသွားပြည်သူများအနေဖြင့်  ရထားဖြင့် ခရီးသွားလာရာတွင်    ကိုယ်စိတ်နှလုံး ချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာ ဖြင့်   လုံခြုံစိတ်ချစွာ    သွားလာနိုင်မှုမရှိစေ ရေးရည်ရွယ်ပြီး   ယခုကဲ့သို့    ယုတ်မာ ပက်စက်စွာဖြင့်   အကြိမ်ကြိမ်ကျူးလွန် ဖျက်ဆီးနေကြခြင်းအပေါ် ဒေသခံများနှင့် ပြည်သူတစ်ရပ်လုံးက      ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိ ကြောင်း သတင်းရရှိသည်။ 

 
 သတင်းစဉ်