Online လောင်းကစားမှုများ၊ ငွေကြေးခဝါချမှုများနှင့် အလိုရှိသည့် ဦးကျော်လွင်(ဘ)ဦးအလီကို ဥပဒေအရ အရေးယူရန် ဖမ်းဝရမ်းထုတ်ဆင့်ခြင်း

 

နေပြည်တော် ဖေဖော်ဝါရီ  ၇
တနင်္သာရီတိုင်းဒေသကြီး   ကော့ သောင်းမြို့   အဏ္ဏဝါရပ်ကွက် ပိတောက်လမ်း အမှတ်(၂၅၀)နေ ဦးကျော်လွင်(ဘ)ဦးအလီသည် တရားမဝင်  Online   လောင်း ကစားမှုများပြုလုပ်ခြင်း၊ ယင်း တရားမဝင် လောင်းကစားမှုများ မှရရှိသော ငွေကြေးများ၊ ပစ္စည်း များကို   အသွင်ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းများ ပြုလုပ်သည်ဟု သံသယဖြစ်ဖွယ်ရာ တွေ့ရှိရခြင်း များကြောင့် ၎င်းကို ဥပဒေအရ အရေးယူရန် ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီ ၇ ရက်တွင် ကော့သောင်း ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ် ဆင့်ထားကြောင်း သက်ဆိုင်ရာ မှ သတင်းရရှိသည်။ သတင်းစဉ်