
ရန်ကုန် ဖေဖော်ဝါရီ ၃
“ရွှေဝယ်ရောင်းရင်းစီးပွားတိုး”အမည်ဖြင့် Onepay မှ အကယ်ဒမီ မီးလင်းရွှေများဝယ်နိုင်မည့် အက်ပလီ ကေးရှင်းမိတ်ဆက်သည့် အခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် မွန်းလွဲပိုင်းက Park Royal ဟိုတယ်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အက်ပလီကေးရှင်းကို အသုံးပြု၍ အချိန် နှင့် တစ်ပြေးညီ ဆိုင်များတွင် ရောင်းချနေသည့် ပေါက်ဈေးအတိုင်း လွယ်ကူမြန်ဆန်စွာ ဝယ်ယူနိုင် ကြောင်းလည်း သိရသည်။
“ပိုကောင်းတဲ့အချက်ကတော့ ငွေစုတဲ့ပုံစံမျိုးနဲ့ တစ်ကျပ်သားအထိ ဝယ်ယူနိုင်ပါတယ်။ အားသာ ချက်အနေနဲ့ နေ့စဉ်ငွေစုတဲ့ပုံစံပါပဲ။ ဒီအက်ပလီကေး ရှင်းကလည်း ရွှေစုထားတယ်။ အားလုံးကတော့ ငွေနည်းနည်းနဲ့ စပြီးဝယ်လို့ရတဲ့အတွက် အဆင်ပြေ ပါတယ်။ ဖုန်းပေါ်မှာ အကောင့်တစ်ခုဖွင့်ပြီး နယ်ကလည်း အရောင်းအဝယ်လုပ်လို့ ရတယ်။ ကိုယ့်အိမ်ကနေ အရောင်းအဝယ်လုပ်လို့ရတယ်။ ဆိုင်ကိုသွားစရာမလိုဘူး။ ချက်ချင်းပြန်ရောင်းလို့လည်းရတယ်၊ ချက်ချင်းပြန်ဝယ်လို့လည်း ရတယ်” ဟု YGEAမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆိုသည်။
အဆိုပါ အက်ပလီကေးရှင်းသည် နိုင်ငံတော် ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ရွှေဝယ်ယူ ခွင့်ရှိသော အက်ပလီကေးရှင်းတစ်ခုဖြစ်၍ ယုံကြည် စိတ်ချစွာအသုံးပြုနိုင်ကြောင်းလည်း အကယ်ဒမီ ရွှေဆိုင်မှ တာဝန်ရှိသူက ပြောကြားသည်။
အဆိုပါ အက်ပလီကေးရှင်း မိတ်ဆက်အခမ်း အနားသို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
MT