ရန်ကုန် ဩဂုတ် ၃
ONE Championship အဖွဲ့အစည်းက စီစဉ်သည့် ONE Friday Fight- 73 ပြိုင်ပွဲကို သြဂုတ် ၂ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပရာ မြန်မာဖိုက်တာ ဆွန်ရတ် အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ဆွန်ရတ်သည် WBC မွေထိုင်းကမ္ဘာ့ချန်ပီယံ ဗြိတိန်နိုင်ငံသား အယ်ဖီပိုတင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး သုံးချီပြည့်သည်အထိ အရှုံး အနိုင်မပေါ်သဖြင့် အမှတ်ဖြင့် ဆုံးဖြတ်ရာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဆွန်ရတ်သည် ပြိုင်ဘက်ကစားသမားကို အကောင်းဆုံးထိုးသတ်နိုင်ခဲ့ သည်။ နောက်ဆုံးအချီမှသာ ဆွန်ရတ်အနည်းငယ်ကျသွားသဖြင့် ပြိုင်ဘက် အယ်ဖီ ပြန်လည်ဖိအားပေးနိုင်ခဲ့ခြင်းဖြစ်သည်။ နှစ်ဦးစလုံး အကောင်း ဆုံးထိုးသတ်နိုင်သဖြင့် ONE Championship အမှုဆောင်အရာရှိချုပ် ရွေးချယ်ချီးမြှင့်သည့် အပိုဆုကြေးငွေများ ရရှိခဲ့သည်။
ညီမြတ်သော်တာ၊ ဓာတ်ပုံ-ONE Championship