ရန်ကုန် မေ ၁၇
ONE Friday Fight-63 ပြိုင်ပွဲ ကို မေ ၁၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပရာ မြန်မာဖိုက်တာ ထွန်းမင်းနိုင် (ခ) ဆူလိုင်မန်အမှတ်ဖြင့် အနိုင်ရခဲ့ သည်။
ဆူလိုင်မန်သည် ဂျပန်နိုင်ငံ သား တိုမိုကီဆာတိုနှင့် ယှဉ်ပြိုင် ထိုးသတ်ရခြင်းဖြစ်ပြီး သုံးချီပြည့် သည်အထိ အရှုံးအနိုင်မပေါ်ဘဲ အမှတ်ဖြင့် ဆုံးဖြတ်ရာတွင် အနိုင် ရခဲ့ခြင်းဖြစ်သည်။ ဆူလိုင်မန်နှင့် တိုမိုကီဆာတိုသည် လက်ရည် အရ ကွာခြားမှုမရှိသော်လည်း ဆူလိုင်မန်၏ လက်သီးချက် များနှင့် ခြေကန်ချက်ထိခဲ့သဖြင့် အမှတ်ဖြင့် ဆုံးဖြတ်ရာတွင် အသာရခဲ့ခြင်း ဖြစ်သည်။
ထွန်းမင်းနိုင် (ခ) ဆူလိုင်မန်သည် ONE တွင် ခြောက်ပွဲထိုးသတ်ထားရာ လေးပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားသည်။ ထွန်းမင်းနိုင်သည် ဇန်နဝါရီလက မလေးရှားဖိုက်တာနှင့် ထိုးသတ်ပြီးနောက် လေးလဝန်းကျင် အကြာမှ ပြန်လည်ထိုးသတ်ရခြင်းဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ - ONE Friday MMA