Omicron မျိုးကွဲ BA.4 , BA.5 များ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြင့် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရမည်

 

ပဲခူး   ဇူလိုင်   ၂၀


ပဲခူးတိုင်းဒေသကြီးအတွင်း Omicron မျိုးကွဲ BA.4 , BA.5 များ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြင့် အရှိန်အဟုန်မပြတ်  ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း   ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်းက ပြောကြားသည်။

 


ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး  တော်ဝင်ဟံသာ  အစည်း အဝေးခန်းမ၌   ယနေ့နံနက်ပိုင်း က  Online   Zoom   Meeting System ဖြင့် ကျင်းပသည့် ကိုဗစ်- ၁၉    ရောဂါ  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း   အစည်းအဝေး (၁၁/၂၀၂၂)တွင် ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က   တိုင်းဒေသကြီး အတွင်း    ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံ ပေးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားကြရမည်     ဖြစ်ကြောင်း၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး အမျိုးအစားအလိုက် ဆေးသက် တမ်း   မကုန်ဆုံးမီ  စနစ်တကျ စီမံခန့်ခွဲ၍ ကာကွယ်ဆေးထိုးနှံရန် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက အထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်   ပဲခူးတိုင်းဒေသ ကြီး   ပြည်သူ့ကျန်းမာရေးဦးစီး ဌာန  တိုင်းဒေသကြီးဦးစီးမှူးက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှင့် ကုသမှု၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများက   မြို့နယ် အလိုက်    ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုး     လုပ်ငန်းများ ဆောင်ရွက်နေမှု၊ Facility Quara-ntineများ ကြိုတင်ပြင်ဆင်ထားရှိ မှု၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ကျန်ရှိမှုနှင့် Oxygen Plant များအသင့်ဆောင်ရွက်ထား ရှိမှုတို့ကို   ရှင်းလင်းတင်ပြသည်။

 


ယင်းနောက်  ပဲခူးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ က  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးလုပ်ငန်းများ      အရှိန် အဟုန်မပြတ် ဆောင်ရွက်သွားရန်၊ Facility Quarantine များ ကြံ့ခိုင် မှု   စစ်ဆေးခြင်းဆောင်ရွက်ရန်၊ ကိုဗစ်-၁၉    ရောဂါ   ကြိုတင် ကာကွယ်ရေးနည်းလမ်းများ အသိ ပညာပေးခြင်းနှင့်  ဦးတည်အုပ်စု အလိုက်    ကာကွယ်ဆေးထိုး စာရင်းများ စနစ်တကျ Database အတွင်း    ထည့်သွင်းနိုင်ရေး အကြံပြု  တင်ပြချက်များအပေါ် တိုင်းဒေသကြီး   ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားခဲ့ကြောင်း  သိရ သည်။                      

သတင်းစဉ်