နယူးဒေလီ ဩဂုတ် ၂
အဲအိန္ဒိယလေကြောင်းလိုင်းသည် ဩဂုတ် ၈ ရက် မတိုင်မီအထိ အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့သို့ ပြေးဆွဲပျံသန်းမှုများကို ရပ်နားထားမည်ဟု ကြေညာခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုများ အရှိန်မြှင့်နေသည့်ကာလတွင် ယခု ကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို ကြည့်၍ တဲလ်အဗီးမြို့သို့ ပြေးဆွဲပျံသန်းမှုများကို ဩဂုတ် ၈ ရက်မတိုင်မီအထိ ရပ်နားထားမည်ဟု အဲအိန္ဒိယလေကြောင်းလိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယခုကာလအတွင်း အခြေအနေများကို စဉ်ဆက်မပြတ်စောင့်ကြည့်နေပြီး တဲလ်အဗီး မြို့သို့ သွားလာရန် လေယာဉ်လက်မှတ်ကြိုတင် ဝယ်ယူထားသည့် ခရီးသည်များအတွက် အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးမည် ဖြစ်ပြီး ခရီးစဉ်ပြန်လည်စီစဉ်ခြင်းနှင့် ပယ်ဖျက် ခြင်းတို့အတွက် တစ်ကြိမ်သက်သာလျှော့ပေါ့ ခွင့်ပေးမည်ဟု ကြေညာခဲ့သည်။ ဩဂုတ် ၁ ရက် ညနေပိုင်းမှစတင်၍ အဲအိန္ဒိယလေကြောင်း လိုင်းသည် နယူးဒေလီမြို့နှင့် တဲလ်အဗီးမြို့သို့ ပြေးဆွဲပျံသန်းမှုကို ဖျက်သိမ်းခဲ့သည်။
မကြာသေးမီရက်ပိုင်းအတွင်း အရှေ့အလယ် ပိုင်းဒေသတွင် တင်းမာမှုများ အရှိန်ကောင်းလာ ပြီးနောက် ယခုကဲ့သို့ ခရီးစဉ်များ ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် အိန္ဒိယ အစိုးရက လက်ဘနွန်နိုင်ငံသို့ ရောက်ရှိနေ သည့် အိန္ဒိယနိုင်ငံသားများ သတိထားကြရန် နှင့်ဘေရွတ်ရှိ အိန္ဒိယသံရုံးနှင့် အဆက်အသွယ် မပြတ်ရှိကြရန် အကြံပြုချက်ထုတ်ပြန်ခဲ့သည်။
ဆင်ဟွာ