
ဗီယင်နာ မတ် ၁၁
ဩစတြီးယားနိုင်ငံ၌ အရွယ်ရောက်ပြီးသူများ အားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးမဖြစ်မနေ ထိုးရ မည့်အမိန့်ကို ဆိုင်းငံ့ထားသည်ဟု သိရသည်။ လူဦး ရေ ကိုးသန်းရှိသည့် ဩစတြီးယားနိုင်ငံသည် အရွယ် ရောက်ပြီးသူများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး မဖြစ်မနေထိုးရန် အမိန့်ထုတ်ထားသည့်နိုင်ငံများထဲမှတစ်နိုင်ငံဖြစ်သည်၊။ အဆိုပါအမိန့်မှာ ဖေဖော်ဝါရီ လတွင် စတင်သက်ရောက်ခဲ့ခြင်းဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ပါက ၃၆၀၀ ယူရိုဒဏ်ကြေး သတ်မှတ် သည်။
သို့သော်လည်း အဆိုပါအမိန့်မှာ အခြေခံအခွင့် အရေးကို ချိုးဖောက်ရာရောက်ပြီး ကပ်ရောဂါ အန္တရာယ်ကြောင့် မျှတမှုမရှိဟု ဝန်ကြီး ကာရိုလိုင်း အက်စ်တာဒယ်လာက ပြောသည်။ ကျန်းမာရေး ဝန်ကြီးနှင့် တိုင်ပင်ပြီးနောက် ကျွမ်းကျင်သူများ၏ ခွင့်ပြုချက်အတိုင်း ဆက်လက်လုပ်ကိုင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။ အိုမီခရွန်ကူးစက်မှုကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေး မဖြစ်မနေထိုးခိုင်းရန် မလိုအပ်ဟု ရှုမြင်ကြောင်း ၎င်းက ဆက်ပြောသည်။
ကာကွယ်ဆေး မဖြစ်မနေထိုးရမည့်အမိန့်ကို ဆိုင်းငံ့ခြင်းအား လာမည့်သုံးလအတွင်း ဆက်လက် လေ့လာသုံးသပ်သွားမည်ဖြစ်သည်ဟု ယခုသီတင်း ပတ်အတွင်း ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်သူ ဂျိုဟန်နက်စ် ရာ့ချ်က ပြောသည်။
ဆင်ဟွာ