ဩစတြေးလျနှင့် ဖိလစ်ပိုင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ် လက်မှတ်ရေးထိုး

 

မနီလာ စက်တင်ဘာ ၈


ဩစတြေးလျနှင့်    ဖိလစ်ပိုင်နိုင်ငံ တို့သည်      မဟာဗျူဟာမြောက် မိတ်ဖက်စာချုပ်တွင် လက်မှတ် ရေးထိုးပြီး နှစ်နိုင်ငံဆက်ဆံရေး ကို   ပိုမိုခိုင်မာစေခဲ့သည်။   လုံခြုံ ရေး     အပါအဝင်    အခြားသော နယ်ပယ်များတွင် ပိုမိုပူးပေါင်း ဆောင်ရွက်        ကြရန်လည်း       သဘောတူညီခဲ့သည်။  


ဩစတြေးလျ       ဝန်ကြီးချုပ် အန်တိုနီ       အယ်ဘတ်နီးစ်သည် ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာ သို့  ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၈    ရက်တွင်      ဖိလစ်ပိုင်သမ္မတ   ဖာဒီနန်      မားကို့စ်ဂျူနီယာနှင့်      တွေ့ဆုံခဲ့သည်။   အန်တိုနီ အယ် ဘတ်နီးစ်သည်      ဆယ်စုနှစ် အတွင်း  ဖိလစ်ပိုင်နိုင်ငံသို့   လာ ရောက်လည်ပတ်သည့်   ပထမ ဆုံး      ဩစတြေးလျဝန်ကြီးချုပ် ဖြစ်သည်။    


နှစ်နိုင်ငံ    ခေါင်းဆောင်များ သည်        မဟာဗျူဟာမြောက်        စာချုပ်တွင်    လက်မှတ်ရေးထိုးခဲ့ ကြသည်။ အဆိုပါ သဘောတူညီ ချက်သည် နှစ်နိုင်ငံဆက်ဆံရေးကို     နောက်တစ်ဆင့်သို့ တက်လှမ်းစေ သည်။   ၂၀၁၅   ခုနှစ်ကလည်း   နှစ်နိုင်ငံ     သဘောတူညီမှုတွင်        လက်မှတ်ရေးထိုးခဲ့သည်။ 


ဩစတြေးလျနှင့်     ဖိလစ်ပိုင် နှစ်နိုင်ငံတို့သည် စိန်ခေါ်မှုများကို    ဖြေရှင်းနိုင်ပြီး ဒေသတွင်းတည်ငြိမ် အေးချမ်းမှုကို     ဖန်တီးရာတွင် ကူညီပေးနိုင်မည်ဟု        ယုံကြည် ကြောင်း    ဩစတြေးလျ    ဝန်ကြီး ချုပ်က ပြောသည်။ 

အင်အိတ်ချ်ကေ