
ဘရစ္စဘိန်း ဇူလိုင် ၂၉
ကွင်းစလန်းပြည်နယ် ရဲတပ်ဖွဲ့က ပြည်နယ်၏ ကမ်းလွန် လင်ဒီမန် ကျွန်းအနီး ပျောက်ဆုံးနေသည့် စစ်ရဟတ်ယာဉ် တစ်စင်း၏ အပိုင်းအစများကို ဇူလိုင် ၂၉ ရက်တွင် တွေ့ရှိကြောင်း ထုတ်ပြန် ထားသည်။
ပျောက်ဆုံးနေသည့် ရဟတ် ယာဉ်မှ ဖြစ်နိုင်ခြေရှိသည့် အပိုင်းအစများ၏ ပစ္စည်းများကို တွေ့ရှိကြောင်း၊ ကနဦး စုံစမ်း စစ်ဆေးနေဆဲ ဖြစ်သောကြောင့် ရဟတ်ယာဉ်မှ မည်သည့်အပိုင်း အစဖြစ်သည်ကို တိတိကျကျ အတည်ပြုရန် အလွန်စောသေး ကြောင်း ကွင်းစလန်းရဲတပ်ဖွဲ့မှ ဝန်ဆောင်မှုခေတ္တလက်ထောက် ကော်မရှင်နာဖြစ်သူ ဒါ့ဂလပ်စ် မက်ဒေါ်နာက ပြောကြားသည်။
ပျောက်ဆုံးနေသည့် အမှုထမ်း လေးဦးမှာ ဆစ်ဒနီမြို့ ဟိုစဝါ့တီ စစ်တန်းလျားတွင် တည်ရှိသည့် ဩစတြေးလျနိုင်ငံ၏ အမှတ် (၆) လေကြောင်းတပ်ရင်းမှ ဖြစ် ကြောင်း ဗိုလ်မှူးချုပ် ဒါမိန်ဟဲ က ပြောကြားသည်။
တပ်မတော် MRH-90 Taipan ရဟတ်ယာဉ်သည် ဩစတြေးလျနှင့် အမေရိကန် နိုင်ငံအကြား နှစ်နိုင်ငံပူးတွဲစစ် ရေးလေ့ကျင့်မှု တစ်ခုဖြစ်သည့် Talisman Sabre ၂၀၂၃ လေ့ကျင့် မှုအဖြစ် ညပိုင်းလေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်ကြောင်း သိရ သည်။
အဆိုပါ ရဟတ်ယာဉ်သည် ဇူလိုင် ၂၈ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီခန့်က ရေပြင် အတွင်း ပျက်ကျခဲ့ခြင်းဖြစ် သည်။ အခင်းဖြစ်ပွားချိန်တွင် ရဟတ်ယာဉ်ပေါ်၌ လူလေးဦး ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ က အတည်ပြုထားသည်။ ယခု အချိန်အထိ ၎င်းတို့လေးဦးကို မတွေ့ရှိသေးကြောင်း ဟဲက ပြောကြားသည်။ ဆင်ဟွာ