ဩစတြေးလျနိုင်ငံ၌ ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၁၀၀၀ ကျော် ထပ်မံတွေ့ရှိ 


 

 

ကင်ဘာရာ  စက်တင်ဘာ  ၆


ဩစတြေးလျနိုင်ငံတွင် ကိုဗစ် - ၁၉   တတိယလှိုင်းကူးစက်မှုနှင့် ကြုံတွေ့နေရပြီး      နေ့စဉ်ကူးစက် မှု ၁၀၀၀ အထက်တွင်  ရှိနေသည် မှာ ၁၀ ရက်ဆက်တိုက်ရှိပြီ  ဖြစ် သည်။  စက်တင်ဘာ  ၅   ရက် မွန်းလွဲပိုင်းအချိန်အထိ ဩစတြေး လျနိုင်ငံတွင်    ကူးစက်ခံရသူ ၆၁၆၀၉ ဦး ရှိသည်ဟု ကျန်းမာရေး ဌာန၏ နောက်ဆုံးထုတ်ပြန်ချက် တွင် ဖော်ပြသည်။  
စက်တင်ဘာ ၆ ရက်  နံနက် ပိုင်းတွင်    ဒေသတွင်း   ကူးစက်ခံရ သူ ၁၅၃၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး     လက်ရှိ တိုင်းပြည်အတွင်း   ရောဂါ ဖြစ်ပွားနေသူဦးရေမှာ     ၂၆၀၀၀ ရှိသည်။ နောက်ထပ် ကူးစက်ခံရ သူများထဲတွင်        နယူးဆော့ဝေး ပြည်နယ်မှ   ၁၂၈၁ ဦး    ရှိသည်။ ဇွန် ၁၆ ရက်မှစတင်ကာ     နယူး ဆော့ဝေး    ပြည်နယ်တွင်  ကိုဗစ်- ၁၉ နှင့်    ဆက်စပ်ပြီး  သေဆုံးသူ ၁၃၁ ဦး ရှိပြီဖြစ်သည်။    ဗစ်တိုး ရီးယား       ပြည်နယ်တွင်လည်း     နောက်ထပ်ဒေသတွင်း ကူးစက်ခံ ရသူ   ၂၄၆ ဦး     ထပ်မံတွေ့ရှိခဲ့ သည်။ 
ဆင်ဟွာ