နယူးယောက်မြို့တော်ဝန် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသော်လည်း တာဝန်များဆက်လက်ထမ်းဆောင်နေ

 

 

နယူးယောက်    ဧပြီ    ၁၁
နယူးယောက်မြို့တော်ဝန်   အဲရစ် အဒမ်သည်   ဧပြီ   ၁၁   ရက်က ကိုဗစ်-၁၉    စမ်းသပ်တွေ့ရှိခဲ့ ကြောင်း     မြို့တော်ဝန်ရုံးက ထုတ်ပြန်     ကြေညာချက်တွင်     ဖော်ပြလိုက်သည်။ 
မြို့တော်ဝန်တွင်       တခြား ရောဂါလက္ခဏာများ မတွေ့ရှိရ ကြောင်း၊ သို့သော်လည်း ၎င်းသည်  သီးသန့်ခွဲခြား စောင့်ကြည့်နေထိုင် သွားမည်ဖြစ်သည့်အပြင် ကျန်ရှိ နေသေးသည့်   အများပြည်သူ     အခမ်းအနားများကို   ဖျက်သိမ်း    ထားကြောင်းလည်း သိရသည်။ 
နယူးယောက်    ဒေသခံများ အတွက်    အခမဲ့ပေးဝေသော ကိုဗစ်-၁၉     ဗိုင်းရပ်စ်ကာကွယ် ဆေးများကိုလည်း     စတင်သုံးစွဲ သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် နယူးယောက်      ဒေသခံများကို လည်း    ကိုဗစ်-၁၉  ဗိုင်းရပ်စ် ကာကွယ်ဆေးများ  အသုံးပြုရန်  တိုက်တွန်းထားသည်။ 
အဒမ်သည်     ဝါရှင်တန်ဒီစီ၊ ဂရီဒီဂွန်ကလပ်တွင်         ကျင်းပ သော    အခမ်းအနားတစ်ခုတွင်  ပါဝင်ခဲ့သော်လည်း အကြိမ်ပေါင်း များစွာ         စမ်းသပ်မှုများက ကိုဗစ်-၁၉    ကင်းစင်ကြောင်း ဖော်ပြလျက်ရှိသည်ဟု  အဒမ် ၏ ပြန်ကြားရေးတာဝန်ခံ ဖာဖီယန် လီဗီက ပြောကြားသည်။ 
ကိုဗစ်-၁၉ ကပ်ရောဂါသည်   အမေရိကန်ပြည်ထောင်စု အရှေ့ မြောက်နှင့် အရှေ့ဘက် ကမ်းရိုး တန်းဒေသများတွင် တစ်ကျော့ပြန်      ဖြစ်ပွားလာခဲ့ကြောင်း    စာရင်း ဇယားများတွင် ဖော်ပြသည်။ 
အမေရိကန်     အောက်လွှတ် တော်ဥက္ကဋ္ဌ   နန်စီပယ်လိုစီနှင့် အိမ်ဖြူတော်       ပြန်ကြားရေး  တာဝန်ခံ   ဂျန်ဆာကီအပါအဝင် အစိုးရအဆင့်မြင့်ပိုင်း အရာရှိများ တွင် မကြာသေးမီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။     လွန်ခဲ့သောရက်က အမေရိကန်    ပြည်ထောင်စုတွင် ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားသူ ၁၂၈၅၁    ဦးရှိခဲ့မှုကြောင့်      ယခု အခါတွင် နိုင်ငံတစ်ဝန်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက် ၈၀၄၀၀၀၀၀ အထိ ရောက်ရှိလာ ခဲ့ကြောင်း       ဂျွန်ဟော့ကင်း တက္ကသိုလ်က  သတင်းထုတ်ပြန် လိုက်သည်။                  ဆင်ဟွာ