နယူးယောက်မြို့တော်ပြတိုက်မှ ကမ္ဘောဒီးယားနိုင်ငံပိုင် ယဉ်ကျေးမှုရတနာ ၁၄ ခုကို ပြန်လည်ပေးအပ်ရန် သဘောတူ

 

ဖနောင်ပင်  ဒီဇင်ဘာ   ၁၆


နယူးယောက်မြို့တော်ပြတိုက်ရှိ ကမ္ဘောဒီးယားနိုင်ငံမှ   ခိုးယူခံခဲ့ရ သည့်  ယဉ်ကျေးမှုရတနာ ၁၄ ခု ကို      ပြန်လည်ရရှိရေးအတွက် နှစ်ပေါင်းအတော်ကြာ ဆွေးနွေး ညှိနှိုင်းပြီးနောက်     ပြန်လည် ပေးအပ်ရန် သဘောတူခဲ့ကြောင်း ကမ္ဘောဒီးယား    ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။


ထိုသို့ ပြန်လည်ပေးအပ်ရာ တွင်   ကမ္ဘောဒီးယားအမျိုးသား ပြတိုက်တွင်     ကျန်ရှိနေသည့် အေဗာလိုကစ်သျှီဗာရာ၏   ခန္ဓာ ကိုယ်နှင့်ကိုက်ညီသည့် ဦးခေါင်း ပိုင်းဖြစ်သော   ၁၀   ရာစုခေတ် လက်ရာ ကြေးခေါင်းနှင့် ရှေးခေတ် ဘုရင် ခို့ခါ လက်ထက် ၁၀  ရာစု ခေတ်လက်ရာ နတ်ဘုရားမ (အူမာ) ၏ ပန်းပုရုပ်တုကဲ့သို့သော ရင်သပ် ရှုမောဖွယ် လက်ရာမြောက်မြားစွာ ပါဝင်သည်။
နယူးယောက်မြို့တော် ပြတိုက် မှ  အဆိုပါ  ရှေးဟောင်းပစ္စည်းများ ပြန်လည်ပေးအပ်မှုသည်  ကမ္ဘော ဒီးယားနိုင်ငံအတွက်    သာမက လူသားမျိုးနွယ်အတွက်ပါ အရေး ပါလှကြောင်း ကမ္ဘောဒီးယားနိုင်ငံ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီး ဖိုအွန်ဆက်ကိုနာက ပြောကြား သည်။


အခြားသောပြတိုက်များနှင့် ပုဂ္ဂလိက    စုဆောင်းသူများက လည်း    ကမ္ဘောဒီးယားနိုင်ငံပိုင် ရှေးဟောင်းပစ္စည်းများကို ပြန်လည် ပေးအပ်ရန်လည်း   တောင်းဆိုခဲ့ သည်။


ဆင်ဟွာ