နယူးယောက်မြို့၌ ရွှေ့ပြောင်းနေထိုင်သူများအတွက် ခိုလှုံရာနေရာရှာဖွေရန် အခက်အခဲဖြစ်နေ

 

နယူးယောက်   ဩဂုတ်   ၃


နယူးယောက်မြို့၌    လက်တင် အမေရိကမှ ရွှေ့ပြောင်းနေထိုင် သူများ အဆမတန် ရောက်ရှိလာ သည့်အတွက် ၎င်းတို့ကို  ထားရှိ ရန်  ခိုလှုံရာနေရာ  အခက်အခဲဖြစ် ပေါ်လျက်ရှိသည်။  ယင်းအတွက် ကြောင့်    ခိုလှုံရာနေရာများ ထောက်ပံ့ပေးရန်   ပြည်နယ်နှင့် ပြည်ထောင်စုအစိုးရထံ     နယူး ယောက်မြို့မှ အရာရှိများက အကူ  အညီတောင်းခံခဲ့သည်။  


တက္ကဆက်နှင့်    အရီဇိုးနား ကဲ့သို့  အချို့သော ရီပက်ဗလစ် ကန် အမတ်များဦးဆောင်သည့် ပြည်နယ်များတွင်     ရွှေ့ပြောင်း နေထိုင်သူများကို   ဘတ်စ်ကား များဖြင့်တင်ဆောင်ကာ    နယူး ယောက်မြို့သို့    ပို့ဆောင်လျက်ရှိ  သည်။ သမ္မတဂျိုးဘိုင်ဒင် အစိုးရ အဖွဲ့၏       ရွှေ့ပြောင်းနေထိုင်မှု  မူဝါဒကို     ဆန့်ကျင်သည့်အနေ  ဖြင့် ယင်းသို့လုပ်ဆောင်ကြခြင်း လည်းဖြစ်သည်။     ရွှေ့ပြောင်း နေထိုင်သူ ၁၀၀ ကျော်မှာ နယူး ယောက်မြို့ လမ်းဘေး၌ အိပ်စက် နေရသည်။ ၎င်းတို့အတွက် အခန်း အပို   မရှိတော့ကြောင်း   နယူး ယောက်မြို့မှ  အရာရှိတစ်ဦးက ပြောသည်။ 


ပြီးခဲ့သည့်နှစ်နွေဦးရာသီမှ စတင်ကာ  ခိုလှုံသူ ၉၅၀၀၀ မှာ  နယူးယောက်မြို့သို့  ဝင်ရောက် လာခဲ့ကြသည်။    ပြီးခဲ့သည့်လ တစ်လအတွင်း၌ပင်    ရွှေ့ပြောင်း  နေထိုင်သူ ၁၄၀၀၀ နယူးယောက် မြို့သို့   ဝင်ရောက်လာခဲ့ကြောင်း သိရသည်။   နယူးယောက်မြို့မှာလိုအပ်သူတိုင်းအတွက်    အမိုး အကာ     အာမခံချက်ပေးသည့် အတွက်       သန့်ရှင်းသောမြို့ဟု လည်း ခေါ်ဝေါ်ကြသည်။ 

အန်အိတ်ချ်ကေ