
ဝယ်လင်တန် ဖေဖော်ဝါရီ ၂၂
နယူးဇီလန်နိုင်ငံတွင် ဖေဖော်ဝါရီ ၂၂ ရက်က ဒေသတွင်း ကိုဗစ် -၁၉ ကူးစက်ခံရသူ ၂၈၄၆ ဦး ထပ်မံတွေ့ရှိ ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ နောက်ထပ်ပြည်တွင်းကူးစက်မှုများတွင်လူပေါင်း ၁၈၀၂ ဦးမှာ အကြီးဆုံးမြို့တော်ဖြစ်သည့် အော့ကလန်မြို့မှ ဖြစ်သည်။ ကျန်ကူးစက်မှုများမှာမူ တိုင်းပြည်အစိတ်အပိုင်းနေရာများမှ ဖြစ်သည်။
နယူးဇီလန်ဆေးရုံများတွင် ကုသမှုခံယူနေသည့် ကိုဗစ် -၁၉ လူနာ ၁၄၃ ဦးရှိသည်။ အထူးကြပ်မတ်ကုသ ဆောင်တွင် ကုသမှုခံယူနေသူ တစ်ဦးရှိသည်။ နယူးဇီလန်နိုင်ငံတွင် ကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှ စတင်ကာ ကိုဗစ် -၁၉ ကူးစက်ခံရသူပေါင်း ၃၅၇၇၁ ဦး ရှိပြီဖြစ်သည်။ နယူးဇီလန်နိုင်ငံသည် ကိုဗစ်- ၁၉ ကာကွယ်ရေးမူဘောင်များကို အတင်းကျပ်ဆုံးချမှတ်ထားသည့် နိုင်ငံလည်းဖြစ်သည်။ အဆောက်အအုံအတွင်း ၌ ပြုလုပ်သည့်ပွဲများတွင် ပါးစပ်၊ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရမည်ဖြစ်ပြီး လူပေါင်း ၁၀၀ ထက် ကျော်၍ စုဝေးခွင့်မပေးကြောင်း သိရသည်။
ဆင်ဟွာ