နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုများ လုပ်ဆောင်နေသော်လည်း အမြင့်ဆုံးအနီရောင်အဆင့် သတ်မှတ် 

 

 

ဝယ်လင်တန်   ဧပြီ   ၅ 
နယူးဇီလန်နိုင်ငံ၌ ဧပြီ ၅ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၄၁၂၀ ထပ်မံတွေ့ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာ ချက်အရ သိရသည်။
နယူးဇီလန်နိုင်ငံ၌     ကိုဗစ်-၁၉  ရောဂါ ထပ်မံကူးစက်ခံရသူများအနက် ၂၃၅၁ ဦးမှာ အော့ကလန်မြို့မှဖြစ်ပြီး   အခြားကူးစက်ခံရ သူများမှာ နိုင်ငံအနှံ့အပြားမှ   ကူးစက်ခံရသူများ ဖြစ်ကြောင်း၊    နောက်ထပ်   ကူးစက်ခံရသူ ၄၈ ဦးမှာ  နယူးဇီလန်နယ်စပ်တွင်  ကူးစက်ခံရ သူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။
လက်ရှိတွင် နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉  ရောဂါဖြင့်   ဆေးရုံတက်ရောက်ကုသမှု   ခံယူ နေသူ   ၆၉၂  ဦးရှိပြီး   အထူးကြပ်မတ်ကုသ ဆောင်တွင်  ကုသနေရသူ   ၃၀ ရှိသည်။ ဧပြီ ၅ ရက်က ကိုဗစ်-၁၉ ရောဂါဖြင့်  ထပ်မံသေဆုံး သူ ၂၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ သိရသည်။
နယူးဇီလန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုစတင်သည့်       အချိန်မှစကာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် မှာ ၇၁၆၁၅၁  ဦး ရှိလာပြီဖြစ်သည်။
နယူးဇီလန်နိုင်ငံ၌   ကိုဗစ်-၁၉  ရောဂါ     ကာကွယ်  ထိန်းချုပ်မှု များ  လုပ်ဆောင်နေသော် လည်း လက်ရှိတွင် အမြင့်ဆုံးအနီရောင်အဆင့် သတ်မှတ်ထားကြောင်း   သိရသည်။  ရောဂါ ကူးစက်မှုအဆင့်ကို       အနီရောင်အဆင့် သတ်မှတ်ထားသည့်အတွက် ခန်းမထဲ၌ လူစု လူဝေးပြုလုပ်ခြင်းကို လူ ၂၀၀ ကန့်သတ်ထား ပြီး ပြင်ပ၌ လူစုလူဝေးပြုလုပ်ခြင်းကို လူဦးရေ     ကန့်သတ်မထားကြောင်း သိရသည်။ 
ဆင်ဟွာ