
အော့ကလန် ဩဂုတ် ၁
နယူးဇီလန်နိုင်ငံ မန်နူကူမြို့နှင့် အော့ကလန်တောင်ပိုင်းတို့တွင် တစ်နေ့လျှင် လူဦးရေ ၅၀၀၀ ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးရန် ရည်ရွယ်၍ အစုလိုက် ကာကွယ်ဆေးထိုးနှံမှု စတင်နေပြီ ဟု သိရသည်။
ယခုသီတင်းပတ် အစောပိုင်း မှစတင်ကာ လူဦးရေအများအပြား ကို ကာကွယ်ဆေး ထိုးနှံပေးမှု စတင်ခဲ့သည်။ သုံးရက်အတွင်း လူပေါင်း ၁၆၀၀၀ ကို ကာကွယ် ဆေး ထိုးပေးရန် ရည်ရွယ်ထား သည်။ အချိန်တိုတိုအတွင်း လူဦးရေများများကို လုံခြုံစိတ်ချ စွာဖြင့် ကာကွယ်ဆေးထိုးနှံပေးနိုင် ရေးအတွက် စီစဉ်ထားသည်ဟု လည်း အော့ကလန် ကျန်းမာရေး ဘုတ်အဖွဲ့က ပြောသည်။
ဇူလိုင် ၂၇ ရက်အထိ ကာကွယ်ဆေးအပြည့် ထိုးပြီးသူ အရေအတွက်မှာ ၆၉၉၄၆၉ ဦးရှိ သည်ဟု နယူးဇီလန်ကျန်းမာရေး ဌာနက ပြောသည်။
ဖေဖော်ဝါရီလမှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးမှုကို စတင်ခဲ့ပြီး အကြမ်းဖျင်း အားဖြင့် လူဦးရေ၏ ၁၄ ရာခိုင်နှုန်း ကို ကာကွယ်ဆေးထိုးနှံ ပေးပြီး ဖြစ်သည်။
နယူးဇီလန်တွင် ကာကွယ် ဆေး ထိုးပေးနိုင်မှု နှေးကွေးခြင်း နှင့် စီးပွားရေးပြန်လည် နာလန်ထူ နိုင်ရေးတို့အတွက်လည်း ဒေသခံ ကျွမ်းကျင်သူများက စိတ်ပူလျက်ရှိ သည်။
ဆင်ဟွာ