
ဝဲလ်လင်တန် မေ ၁၄
နယူးဇီလန် ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒင်းသည် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း မေ ၁၄ ရက် တွင် အတည်ပြုခဲ့သည်။
အကောင်းဆုံးကြိုးစားနေခဲ့သော်လည်း ကျန်သည့် မိသားစုနှင့်အတူ ပူးပေါင်းမိပြီး ကံမကောင်းစွာနှင့် ကိုဗစ်-၁၉ ကူးစက်ခံရခြင်းဖြစ်ကြောင်း အာဒင်းက မေ ၁၄ ရက် နံနက်ပိုင်း၌ လူမှုမီဒီယာတွင် ရေးသား ခဲ့သည်။ အာဒင်းသည် တနင်္ဂနွေနေ့ကတည်းက ၎င်း၏ မိသားစုနှင့်အတူ အိမ်တွင်သီးသန့်ခွဲခြား နေထိုင်လျက်ရှိကြောင်း သိရသည်။
နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၇၄၄၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ၂၅၀၃ ဦးမှာ နိုင်ငံ၏မြို့တော် အော့ကလန်မြို့မှဖြစ်ကြောင်း မေ ၁၃ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။
ယနေ့အချိန်အထိ နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၀၂၆၇၁၅ ဦး ရှိလာပြီဖြစ်သည်။ အဆိုပါ အရေအတွက်ပမာဏမှာ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် ကူးစက်ခံရမှုအရေအတွက်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ