နယူးဇီလန်နိုင်ငံ နယ်စပ်ဒေသများ ပြန်လည်ဖွင့်လှစ်

 

 

အော့ကလန်   မေ   ၂ 
နယူးဇီလန်နိုင်ငံသည် ၎င်း၏ နယ်စပ်ဒေသများကို ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးထားသူများနှင့် ဗီဇာကင်းလွတ်ခွင့်ရသည့် နိုင်ငံနှင့်ဒေသ ၆၀ မှ ကျောင်းသား ကျောင်းသူများအတွက် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို တိုက်ဖျက်ရန် ကြိုးစားအားထုတ်မှု တစ်ခုအနေဖြင့် နယူးဇီလန်နိုင်ငံသည် ၎င်း၏နယ်စပ်ဒေသကို ၂၀၂၀ ပြည့်နှစ် မတ်လတွင် ပိတ်ခဲ့သည်။  လွန်ခဲ့သော  ဖေဖော်ဝါရီလမှစကာ  နယူးဇီလန်နိုင်ငံသည်  ၎င်း၏ ကန့်သတ်ချက်များကို ဖြေလျှော့ပေး ခဲ့သည်။ 
မေ ၂ ရက်မှစကာ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံနှင့်ဒေသပေါင်း ၆၀ မှ  ဗီဇာကင်းလွတ်ခွင့်ရရှိထားသော  ခရီးသွားများသည်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားကြောင်း သက်သေအထောက်အထားပြနိုင်ပါက နိုင်ငံတွင်းသို့ ဝင်ရောက်နိုင်ကြောင်း သိရသည်။ 
ထို့အပြင် ၎င်းတို့အနေဖြင့် ကိုဗစ်-၁၉ ကင်းစင်ကြောင်း ကြိုတင် စစ်ဆေးမှုလည်း လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ 
နိုင်ငံ၏အကြီးဆုံးလေဆိပ်ဖြစ်သည့်   အော့ကလန်နိုင်ငံတကာ လေဆိပ်ကြီးတွင် မိသားစုများနှင့်သူငယ်ချင်းများ ပြန်လည်ပေါင်းစည်း ဆုံတွေ့မှုဖြင့် စည်ကားများပြားလာလျက်ရှိသည်။                ဆင်ဟွာ