နယူးဇီလန်နိုင်ငံ အော့ကလန်မြို့တစ်ဝန်း စံချိန်တင် မိုးသည်းထန်စွာရွာသွန်းပြီး တစ်ဦးသေဆုံး

 

အော့ကလန်   ဇန်နဝါရီ    ၂၈
နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် အော့ကလန်တစ်ဝန်း ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းမှ ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းအထိ စံချိန်တင်မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားသည့်အတွက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ 
အဆိုပါအခြေအနေကြောင့်       အမျိုးသား မိုးလေဝသဌာနက  အော့ကလန်မြို့ ဒေသတစ်ဝန်း ကို    အနီရောင်အဆင့်   မိုးရွာသွန်းမှု သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီ ၂၈ ရက်  နံနက်  ၁  နာရီ အထိ ၂၄ နာရီအတွင်း မိုးရေချိန် ၂၄၉ မီလီမီတာအထိ စံချိန်တင်   ရွာသွန်းခဲ့သည်။   စံချိန်တင်  မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် အိုးအိမ်များ ရေလွှမ်းခဲ့ပြီး အဝေးပြေးလမ်းတစ်ခုနှင့်   အော့ကလန်လေဆိပ် တစ်ခုကို  ပိတ်ထားခဲ့ရကာ အော့ကလန်မြို့ နော့ရှိုး ဒေသတွင် ရေကြီးရေလျှံမှုကြောင့် တစ်ဦး သေဆုံး ကြောင်း သိရသည်။ 
အော့ကလန်မြို့တော်ဝန်      ဝိန်းဘရောင်းက အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာ လိုက်ပြီး မိုးသည်းထန်ရွာသွန်းမှုနှင့် ရေကြီး ရေလျှံ မှုကြောင့် ထိခိုက်ခံစားရသူများအတွက် ကယ်ဆယ် ရေးစခန်းသုံးခု ဖွင့်လှစ်ခဲ့သည်။ 
ယခင် ၂၄ နာရီအတွင်း စံချိန်တင်မိုးရွာသွန်းမှုမှာ ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီလကဖြစ်ပြီး ၁၆၁ ဒသမ ၈ မီလီမီတာရှိကြောင်း  အမျိုးသားမိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အနီရောင်အဆင့် သတိပေးချက်   ထုတ်ပြန်မှုသည်   အထူးခြားဆုံး ရာသီဥတုဖြစ်ရပ်များအတွက်သာ   ထုတ်ပြန်ခြင်း ဖြစ်ကြောင်းနှင့် ယခုထုတ်ပြန်မှုသည် ၂၀၂၃ ခုနှစ် အတွက် ပထမဆုံးအကြိမ် ထုတ်ပြန်မှုဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ