
ဝယ်လင်တန် ဖေဖော်ဝါရီ ၁၇
နယူးဇီလန်နိုင်ငံ မြောက်ပိုင်းကျွန်း တွင် ယခုသီတင်းပတ်အတွင်း မုန်တိုင်းဂါဘရီရယ်ကြောင့် ရေကြီး မှုများနှင့်မြေပြိုမှုများ ဖြစ်ပေါ်ပြီး ရှစ်ဦးသေဆုံးကာ ပျောက်ဆုံးနေ သူ ၃၅၀၀ ရှိသည်ဟု သိရသည်။ ရာသီဥတုဆိုးရွားသည့် အခြေ အနေကြောင့် လူပေါင်း ၁၀၀၀၀ ကို နေရာရွှေ့ပြောင်းပေးခဲ့ရသည်။
သဘာဝဘေးအကြီးစားကြီး ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီး ချုပ် ခရစ်ဟစ်ပ်ကင်က ရေကြီးမှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့သည့် ဟော့ခ်ပင်လယ်အော်တွင် မီဒီယာ များကိုပြောသည်။ ပြင်းထန်သည့် မုန်တိုင်းကြောင့် သေဆုံးသွားသူ များထဲတွင် ကလေးတစ်ဦး ပါဝင် ကြောင်း၊ အဆိုပါကလေးငယ်မှာ အသက်နှစ်နှစ်အရွယ်မိန်းကလေးဖြစ်ပြီး ရေတက်စဉ် ပါသွားခြင်း ဖြစ်နိုင်သည်ဟု ရဲများက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြော သည်။
စေတနာ့ဝန်ထမ်း မီးသတ် သမားတစ်ဦး၏ အလောင်းကို လည်း အော့ကလန်မြို့ရှိ မြေပြိုမှု ဖြစ်ပွားရာနေရာတွင် တွေ့ရှိခဲ့ရ သည်။ သေဆုံးသူဦးရေမှာ ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက် တို့တွင် ပိုတိုးလာခဲ့သည်။ ပျောက်ဆုံးနေသူ အရေအတွက် များပြားနေခြင်းမှာ ဆက်သွယ်မှု လိုင်းများ ပြတ်တောက်နေခြင်း ကြောင့်လည်း ဖြစ်နိုင်ကြောင်း မျှော်မှန်းထားသည်။
တယ်လီဖုန်းနှင့် ဆက်သွယ် ရေးလိုင်းများ ပြန်လည်ကောင်းမွန် လာသည်နှင့်အမျှ ပျောက်ဆုံးသူ အရေအတွက် ပြန်လည်တွေ့ရှိသူ ဦးရေ တိုးလာနိုင်သည်ဟု ရဲများ က ခန့်မှန်းထားသည်။ အစားအစာ နှင့် သောက်သုံးရေအတွက် လိုအပ်ချက်လည်း များပြားလာ မည်ဟု ရဲများက ပြောသည်။ နယူးဇီလန်နိုင်ငံသည် ဖေဖော်ဝါရီ ၁၃ ရက်က အရေးပေါ် အခြေအနေ အဖြစ် ကြေညာခဲ့သည်။
ဆင်ဟွာ