
သည်ဟိတ် အောက်တိုဘာ ၁၅
နယ်သာလန်နိုင်ငံမှ အိမ်ရှေ့မင်းသမီး ကက်သရီနာ အမ်မလီယာသည် အမ်စတာဒမ်ရှိ ၎င်း၏ကျောင်းသူ အဆောင်တွင် လုံခြုံရေးခြိမ်းခြောက်မှုရှိလာသည့် အတွက် တော်ဝင်နန်းတော်သို့ ရွှေ့ပြောင်းသွားပြီဟု နယ်သာလန်ဘုရင် ဝီလမ်အလက်ဇန်းဒရားနှင့် မိဖုရား မက်ဆီမာတို့က မီဒီယာသို့ အသိပေးခဲ့သည််။ ဘုရင်နှင့်မိဖုရားတို့မှာ ဆွီဒင်နိုင်ငံသို့ အလည်အပတ် သွားရောက်နေစဉ် ယခုလို အသိပေးခဲ့ခြင်းဖြစ် သည်။
ယခုဖြစ်စဉ်မှာ အိမ်ရှေ့မင်းသမီး၏ ဘဝတွင် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများဖြစ်လာနိုင်ကြောင်း၊ ၎င်းမှာ အမ်စတာဒမ်တွင် ဆက်လက် နေထိုင်နိုင်ခြင်း မရှိတော့ဘဲ အပြင်ကိုလည်း မထွက်နိုင်ကြောင်း မိဖုရားမက်ဆီမာကပြောသည်။ အသက် ၁၈ နှစ်အရွယ် နယ်သာလန်အိမ်ရှေ့မင်းသမီး မှာ ပြီးခဲ့သည့်နွေရာသီက စာပေလေ့လာရန် အမ်စတာဒမ်သို့ လာရောက်နေထိုင်ခဲ့ခြင်း ဖြစ် သည်။
မင်းသမီးအနီးအနားတွင် လုံခြုံရေးများ ထူထပ်စွာ ချထားခြင်းကြောင့် ပိုမိုသိသာထင်ရှား စေသည်ဟု လွန်ခဲ့သည့်လအတွင်းက ဒီတယ်လီ ဂရက်ဖ်သတင်းစာတွင် ဖော်ပြထားသည်။
ဘုရင်နှင့်မိဖုရားတို့၏ ထုတ်ပြန်ချက်ပြီးနောက် ယင်းကိစ္စနှင့် ပတ်သက်၍ ရဲများနှင့်အစိုးရရှေ့နေ များက နောက်ထပ်ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ ခြင်းမရှိပေ။ ဘုရင်နှင့်မိဖုရားတို့ကမူ အိမ်ရှေ့မင်းသမီးကြုံတွေ့ရသည့်ခြိမ်းခြောက်မှုမှာ ပြင်းထန်ပြီး ၎င်း၏ ဘဝတွင်သက်ရောက်မှုများ ရှိလာမည်ဟု သိရှိထားကြသည်။ အိမ်ရှေ့မင်းသမီးလုံခြုံစိတ်ချရရေးအတွက် လူတိုင်းလူတိုင်း အစွမ်းကုန်ကြိုးပမ်း နေကြသည်ဟု အာမခံကြောင်း တရားရေးနှင့် လုံခြုံရေးဝန်ကြီး ဒိုင်လင်းယက်စ်ဆိုဂုစ်က ပြော သည်။
ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ အတိအကျ မပြောနိုင်သော်လည်း လုံခြုံရေးဝန်ထမ်းများသည် မင်းသမီး၏ လုံခြုံရေးအတွက် နေ့ရောညပါ တာဝန်ယူဆောင်ရွက်နေကြကြောင်း ၎င်းက ပြောသည်။
ဆင်ဟွာ