နယ်မြေတည်ငြိမ်အေးချမ်းမှုများကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်


 

ဘားအံ   မေ   ၂၃
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ထို့ကော်ကိုး-ကျော်ခို ကွန်ကရစ်လမ်းဖွင့်ပွဲကို မေ  ၂၃ ရက် နံနက် ၁၀ နာရီက အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။
ဦးစွာ    ပြည်နယ်ဝန်ကြီးချုပ်    ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သော ကော့ကရိတ်မြို့နယ်  ထို့ကော် ကိုး-ကျော်ခိုလမ်းသည် ထို့ကော်ကိုးကျေးရွာမှ နဘူး-ပိုင်ကျုံလမ်းမကြီးနှင့်    သင်္ကန်းညီနောင် - မဲပလဲ-ကော့ကော်-ထိဝါကလေး-တာလေ လမ်းမကြီးတို့နှင့် ချိတ်ဆက်သွားလာနိုင်သော      လမ်းတစ်လမ်းဖြစ် ကြောင်း၊     ၂၀၂၁-၂၀၂၂    (၆လ)  ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့်  ကွန်ကရစ်လမ်း ၁/၄ မိုင်၊ တံတားနှစ်စင်းနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံ ငွေဖြင့်  ကွန်ကရစ်လမ်းနှစ်မိုင်ကို  ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း၊   နယ်မြေတည်ငြိမ်အေးချမ်းမှုများ ကြောင့်     ယခုကဲ့သို့  ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင်လည်း  ပြည်ထောင်စု ရန်ပုံငွေဖြင့် ၁/၅ ဒသမ ၂ မိုင်၊ ပြည်နယ်ရန်ပုံငွေဖြင့် ၁/၄ မိုင်နှင့် သဘာဝဘေးကြောင့် ပျက်စီးသွားသော လုံဖူးကလိုးချောင်းတံတား ပေ ၂၂၀ အား ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဝဲကရင်တိုက်အုပ်ကျောင်းဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်  တာဝန်ရှိသူ များ၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဥက္ကဋ္ဌ စောထော့လေးနှင့် ဒု ဥက္ကဋ္ဌ   ဒေါက်တာ   နော်ကပေါ်ထူးတို့က        အဆိုပါလမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လုံဖူးကလိုးချောင်းတံတား ပေ ၂၂၀ တည်ဆောက်မည့်မြေနေရာကို   သွားရောက်ကြည့်ရှု စစ်ဆေးသည်။           စောမျိုးမင်းသိန်း(ပြန်/ဆက်)