
နေပြည်တော် ဩဂုတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် စေတနာရှင် အလှူရှင်များက လားရှိုးမြို့နယ်အတွင်း လုံခြုံရေး တာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများ က လက်ခံရယူကြပြီး တိုင်းမှူး က အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
အလားတူ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး တောင်တွင်း ကြီး မြို့နယ်အတွင်း နယ်မြေ လုံခြုံရေးတာဝန်များ ထမ်းဆောင် လျက်ရှိသည့် တပ်မတော်သား များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များအား ယနေ့ တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက မိတ္ထီလာမြို့ရှိ နယ်မြေခံရဲတပ်ဖွဲ့ခွဲနှင့် တောင် တွင်းကြီး တပ်နယ်ရှိ နယ်မြေခံ သင်တန်းကျောင်းတို့၌ သွားရောက် တွေ့ဆုံပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးကာ ဂုဏ်ပြု ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်