နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ သင်တန်းဆင်းပွဲများကျင်းပ

 

နေပြည်တော်   မတ်   ၂၂


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာ ရေးနှင့်  လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ     အမျိုးသမီး အိမ်တွင်းမှု     သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း      ၁၇ ကျောင်းတို့၌ ၂၃-၁၀-၂၀၂၃ ရက် မှ ၂၂-၃-၂၀၂၄ ရက်အထိ ဖွင့်လှစ် ခဲ့သော    အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊   ရိုးရာဂျပ်ခုတ် သင်တန်း၊ အခြေခံလက်ရက်ကန်း သင်တန်းများနှင့်အတူ အမျိုးသမီး အိမ်တွင်းမှု    သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပုသိမ်)တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများဖြစ်သည့် ဧည့်ကြို၊ အိပ်ခန်း‌ဆောင်၊ အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်းဆင်းပွဲများအား ယနေ့နံနက် ပိုင်းတွင်  ကျင်းပခဲ့ရာ    ဧရာဝတီ တိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း    တက်ရောက် သည်။


အလားတူ အဆင့်မြင့်စက်ချုပ် သင်တန်းဆင်းပွဲများကို   ဘားအံ မြို့သင်တန်းကျောင်း၌   ကရင် ပြည်နယ်ဝန်ကြီးချုပ်    ဦးစော မြင့်ဦး၊   လားရှိုးမြို့   သင်တန်း ကျောင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ် စိုးတင့်၊  ကျိုင်းတုံမြို့    သင်တန်း ကျောင်းတွင် တြိဂံဒေသတိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူး ကြီး ကျော်နိုင်စိုး၊ မုဒုံမြို့သင်တန်း ကျောင်းတွင် မွန်ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ လဟယ်မြို့ သင်တန်းကျောင်းတွင် နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ကွန်ဟိန်း မြို့သင်တန်းကျောင်းတွင် အခြေချ စစ်ဗျူဟာအဖွဲ့    စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး    အောင်ကိုနိုင်တို့ တက်ရောက်ခဲ့ကြပြီး   ကျန်တိုင်း ဒေသကြီး/ ပြည်နယ်များရှိ အမျိုး သမီးအိမ်တွင်းမှု      သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း များ၌  နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး များနှင့်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များမှ    တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့သည်။


အဆိုပါ   သင်တန်းများတွင် နယ်စပ်ဒေသအပါအဝင်   အလုပ် အကိုင်အခွင့်အလမ်း နည်းပါးသော ဒေသများမှ   အမျိုးသမီးငယ်များ ကို   နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူ   ပစ္စည်းများအား စရိတ်ငြိမ်းဖြင့်  စာတွေ့လက်တွေ့   သင်ကြားပေးလျက်ရှိရာ   သင်တန်း ပြီးဆုံးပါက   ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များ ကို   အရစ်ကျ    ရောင်းချပေးပြီး ရန်ကုန်၊ မန္တလေး  စသည့်မြို့ကြီး များရှိ အထည်ချုပ်စက်ရုံများတွင်  ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ  အလုပ်အကိုင်ရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးသည့်    အပြင်  သင်တန်းထူးချွန်ဆုရရှိသူများအား သင်တန်းကျောင်းမှ အပ်ချုပ်စက် တစ်စုံစီ    ဆုချီးမြှင့်ပေးခဲ့သည်။ အလားတူ  ဟိုတယ်ဝန်‌ဆောင်မှု ဆိုင်ရာ သင်တန်းဆင်းပြီးသူများ ကိုလည်း   ဟိုတယ်ဇုန်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန်   ချိတ် ဆက်ဆောင်ရွက်ပေးလျက်   ရှိပါ သည်။    


အမျိုးသမီး      အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း ၁၇ ကျောင်းတွင်၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၂၂ ရက်အထိ ရက်သတ္တ ၂၂ ပတ်ကြာ  ဖွင့်လှစ် သင်ကြားပေးခဲ့သော  အဆင့်မြင့် အိမ်တွင်းမှု   စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊  အခြေခံ လက်ရက်ကန်းသင်တန်း၊ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ    သင်တန်း စသည့်  သင်တန်း   လေးမျိုးတွင်    သင်တန်းသူ   ၅၂၀   တက်ရောက် ခဲ့ကြပြီး   ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ်   ဖွင့်လှစ်ပေး လျက်ရှိရာ သင်တန်းကျောင်းများ စတင်ဖွင့်လှစ်ချိန်မှ ယခုသင်တန်း အထိ  သင်တန်းသူ    စုစုပေါင်း ၉၆၃၇၆ ဦး သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။              

သတင်းစဉ်