
နေပြည်တော် အောက်တိုဘာ ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ ရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၂၄ ကျောင်း တို့တွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်း ပါးသောဒေသများမှ အမျိုးသမီး ငယ်များအား အဆင့်မြင့် စက်ချုပ် ပညာရပ်များ သင်ကြားတတ် မြောက်စေခြင်းဖြင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ပြီး မိသားစု အပိုဝင်ငွေရရှိနိုင်စေရေး၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် အထည်ချုပ် စက်ရုံများတွင် ဝင်ရောက် လုပ်ကိုင်နိုင်ရေးနှင့် ကိုယ်ပိုင်စက်ချုပ်ဆိုင်များ ဖွင့်လှစ် လုပ်ကိုင်နိုင်စေရေး ရည်ရွယ်၍ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ် သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံ လက်ရက်ကန်းသင်တန်း များကို ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။
ထိုသို့ ဖွင့်လှစ်ရာတွင် လွိုင်ကော်မြို့ သင်တန်းကျောင်း ၌ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဘားအံ မြို့ သင်တန်းကျောင်း၌ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့် ဦး၊ မုဒုံမြို့သင်တန်းကျောင်း၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် လင်းထွန်း၊ ပုသိမ်မြို့ သင်တန်း ကျောင်း ၌ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကော့သောင်းမြို့ သင်တန်းကျောင်း ၌ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ လားရှိုးမြို့ သင်တန်းကျောင်း၌ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်း မှူး ဗိုလ်ချုပ်နိုင်နိုင်ဦး တို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ကျန် သင်တန်းကျောင်းများကို သက် ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန များနှင့် ခရိုင်/မြို့နယ်မှ တာဝန် ရှိသူများ တက်ရောက်ဖွင့်လှစ်ပေး ခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် အဆင့် မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံ လက်ရက်ကန်း သင်တန်းသို့ သင်တန်းသူစုစုပေါင်း ၇၉၀ တက် ရောက်၍ ၂၅-၁၀-၂၀၂၂ ရက်မှ ၂၄-၃-၂၀၂၃ ရက်အထိ ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ပြီး နေထိုင်စားသောက်ရေး နှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းများတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသူ စုစုပေါင်း ၉၄၂၃၂ ဦး သင်ကြား လေ့ကျင့် မွေးထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်