နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများ၌ သင်တန်းဆင်းပွဲများ ကျင်းပ

 

နေပြည်တော်     မတ်    ၃၁


နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ ရေးနှင့်   လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ    အမျိုးသမီး အိမ်တွင်းမှု    သက်မွေးလုပ်ငန်း ပညာ    သင်တန်းကျောင်း     ၂၀ တို့၌     အဆင့်မြင့်    အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ် သင်တန်း၊ အခြေခံလက်ရက်ကန်း  သင်တန်းဆင်းပွဲများကို  ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ မုဒုံမြို့ သင်တန်းကျောင်းတွင်   မွန်ပြည်  နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊  ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ်      ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊    လပွတ္တာမြို့နှင့် ပုသိမ်မြို့  သင်တန်းကျောင်းတို့ တွင်      ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်        ဦးတင်မောင်ဝင်း၊  ကော့သောင်းမြို့ သင်တန်းကျောင်း တွင်     တနင်္သာရီတိုင်းဒေသကြီး  လုံခြုံရေးနှင့်         နယ်စပ်ရေးရာ ဝန်ကြီး  ဗိုလ်မှူးကြီး  သိန်းလင်း၊  ခန္တီးမြို့   သင်တန်းကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး နယ်မြေခံ စစ်ဗျူဟာမှူး      ဗိုလ်မှူးကြီး သက်ထူးစံတို့ တက်ရောက်ခဲ့ကြ ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ် များရှိ  အမျိုးသမီး   အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်းများ၌      နယ်စပ်ရေးရာ ဝန်ကြီးဌာန     ကွပ်ကဲမှုအောက် ဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များမှ   တာဝန်ရှိသူများ      တက်ရောက်သည်။

 


အဆိုပါ   သင်တန်းများတွင် နယ်စပ်ဒေသအပါအဝင်    အလုပ် အကိုင်   အခွင့်အလမ်း  နည်းပါး သော   ဒေသမှ  အမျိုးသမီးငယ် များကို   နေထိုင်စားသောက်ရေး နှင့်   သင်ထောက်ကူပစ္စည်းများ အား   စရိတ်ငြိမ်းဖြင့်    စာတွေ့ လက်တွေ့    သင်ကြားပေးလျက် ရှိပြီး      သင်တန်းပြီးဆုံးပါက  တစ်နိုင်တစ်ပိုင်    လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များကို    အရစ်ကျ  ရောင်းချပေးလျက်      ရှိသည်။  သင်တန်း    ထူးချွန်ဆုရရှိသူများ အား        စက်ချုပ်လုပ်ငန်းဖြင့်   အသက်မွေးဝမ်းကျောင်း  ပြုနိုင် ရန်    အပ်ချုပ်စက်     တစ်လုံးစီ ဆုချီးမြှင့်ပေးသည်။    

 


အမျိုးသမီး        အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း  ၂၀  တွင် ၂၀၂၁  ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှ  ၂၀၂၂ ခုနှစ် မတ် ၃၁  ရက်အထိ  ရက်သတ္တ  ၁၈ ပတ်ကြာ ကိုဗစ်-၁၉စည်းကမ်း ချက်များနှင့်အညီ      ဖွင့်လှစ် သင်ကြားပေးခဲ့ရာ    သင်တန်းသူ   ၇၈၀ တက်ရောက်ခဲ့သည်။ ဘဏ္ဍာ နှစ်     တစ်နှစ်လျှင်       သင်တန်း နှစ်ကြိမ်   ဖွင့်လှစ်ပေးလျက်ရှိရာ   သင်တန်းကျောင်းများ  စတင် ဖွင့်လှစ်ချိန်မှ ယခုသင်တန်းအထိ  သင်တန်းသူ  စုစုပေါင်း ၉၃၄၆၈ ဦး သင်ကြား  လေ့ကျင့်မွေးထုတ်      ပေးခဲ့ပြီး  အလုပ်အကိုင်   အခွင့် အလမ်းများ    ဖန်တီးပေးကြောင်း    သိရသည်။


သတင်းစဉ်