နယ်စပ်‌ရေးရာဝန်ကြီးဌာနမှ မိုင်းပျဉ်းမြို့နယ်အတွင်း ဆိုလာစနစ်ဖြင့်  ချောင်းရေတင်စိုက်ပျိုးခြင်းလုပ်ငန်းဆောင်ရွက်


 

နေပြည်တော်   ဧပြီ  ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့်   တိုင်းရင်းသားလူမျိုး များ       ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ   နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ထောက်ပံ့ရန်ပုံငွေ ဖြင့်    ကျိုင်းတုံခရိုင်   မိုင်းပျဉ်း မြို့နယ်   ဟောင်ကန်ကျေးရွာ အုပ်စု  ဟိုခိုကျေးရွာနှင့် ဝမ်နောင် ကျေးရွာအကြား ကွင်းအမှတ် ၇ ဝမ်မတ်ကွင်းအတွင်းရှိ  တောင်သူ များ၏ စိုက်ပျိုးရေးလုပ်ကွက်ပေါ် တွင် ၂ ဒသမ ၄ ကီလိုဝပ်ဆိုလာ စနစ် တည်ဆောက်၍  ၁၅၀၀ ဝပ် ရေပန့်တပ်ဆင်ကာ ချောင်းရေတင် စိုက်ပျိုးခြင်း   လုပ်ငန်းအတွက်                 ဧပြီလမှစတင်၍   (၆ x  ၆ x ၁၃) ပေ ကျောက်စုရေစုကန်နှင့် (၁၂ x ၁၂ x ၆ ) ပေ မြေသား  ရေလှောင် ကန်  တူးဖော်ခြင်း  လုပ်ငန်းများ   စတင်      ဆောင်ရွက်လျက်ရှိပြီး    ဧပြီလကုန်တွင် ဒေသခံတိုင်းရင်း သား တောင်သူများအား ၁၂ လ   ရာသီပတ်လုံး  စိုက်ပျိုးရေပေးဝေ နိုင်မည်ဖြစ်သည်။
အဆိုပါ     ဆိုလာစနစ်ဖြင့် ချောင်းရေတင်            စိုက်ပျိုးခြင်း လုပ်ငန်းအား  ဌာနနှင့်   ဒေသခံ တောင်သူများ   ပူးပေါင်းဆောင် ရွက်ပေးခြင်းဖြင့် တောင်သူ ၁၃ ဦး၏   စိုက်ပျိုးမြေ ၁၂ ဒသမ ၅၂ ဧကအား   လွှမ်းခြုံအကျိုးပြုမည် ဖြစ်ပြီး မိုးစပါး၊ နွေစပါးနှင့်  ရာသီ သီးနှံများ စိုက်ပျိုးရာတွင် ကုန်ကျ စရိတ်လျော့နည်း သက်သာခြင်း၊ ၁၂   လရာသီ   စိုက်ပျိုးနိုင်သည့် အတွက်    တစ်ဖက်တစ်လမ်းမှ တောင်သူများ ဝင်ငွေပိုမိုတိုးတက် လာခြင်း အကျိုးကျေးဇူးများ ရရှိ လာမည်ဖြစ်ကြောင်း  သိရသည်။
သတင်းစဉ်