
နေပြည်တော် မတ် ၂
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်း များမှ ရဟန်း၊ သာမဏေများ၊ သီလရှင်ကျောင်းများ နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေး Center များတွင် ကျန်းမာ ရေးဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် အင်အား ဖြည့် အစားအစာများကို ထောက်ပံ့လှူဒါန်းပေးလျက် ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အောင်ချမ်းသာ ရပ်ကွက်ရှိ ပဇ္ဇောတာရုံကျောင်းတိုက်၌ သီတင်းသုံး နေသော ရဟန်း၊ သာမဏေများအား ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးအတွက် စစ်ကိုင်းတိုင်းဒေသ ကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးဦးနှင့် ဝန်ထမ်းများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား နှင့် ပဲစသည့် လှူဒါန်းဖွယ်ထောက်ပံ့ပစ္စည်းများကို ကျောင်းထိုင်ဆရာတော်ထံသို့ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်