နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကို တစ်နိုင်ငံလုံး အကြားအလပ် မရှိ တောင်တန်းမြေပြန့် မခွဲခြား ဘဲ    စဉ်ဆက်မပြတ်     အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိရာ    ရှမ်းပြည်နယ်     ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေး မှူး   ဦးရဲလွင်ဦးနှင့်  တာဝန်ရှိသူ များသည် ယနေ့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုး ရေး  ပြည်ထောင်စုရန်ပုံငွေကျပ် ၃၆၆  ဒသမ   ၄၇၇  သန်းဖြင့် ကလောမြို့နယ် နန်းသဲ- တောင် လား- တောင်ကွဲ- နန်းတိုင်းသွား လမ်း  ကတ္တရာအပြီးသတ်ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးမှုကို       ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန  နယ်စပ်ဒေသနှင့်    တိုင်းရင်းသား လူမျိုးများ   ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့်  ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုး ရေး  ပြည်ထောင်စုရန်ပုံငွေကျပ် ၁၁၂၃၆ ဒသမ  ၉၇ သန်းဖြင့် မြေ လမ်း ၄၀ မိုင် ၆ ဖာလုံ၊ အာမခံလမ်း ၃ မိုင်   ၂ ဖာလုံ၊ ကျောက်လမ်း ၂၅ မိုင် ၅ ဖာလုံ၊ ကတ္တရာလမ်း ၁ မိုင် ၄   ဖာလုံ၊   ကတ္တရာထပ်ပိုးလွှာ လမ်း ၇  မိုင်  ၂  ဖာလုံ၊   ကွန်ကရစ် လမ်း  ၂  မိုင် ၃ ဖာလုံ၊ ကွန်ကရစ် တံတား ၁၂ စင်း၊ Box Culvert ၁၅၆  စင်း၊ ကျောက်တောင်မိုင်းခွဲ ခြင်းလုပ်ငန်း လေးခု၊  ကျောက်စီ    ရေမြောင်းလုပ်ငန်းသုံးခု၊ မြေထိန်း နံရံလုပ်ငန်း တစ်ခု၊ အုတ်ခြံစည်းရိုး ကာရံခြင်း  တစ်ခု၊   အဝီစိတွင်း တူးဖော်ခြင်းလုပ်ငန်း လေးတွင်း၊ တန်ဖိုးနည်းအိမ်ရာ    တစ်လုံး၊   သာသနာရေး လုပ်ငန်း  ၁၇   ခုနှင့်    ဦးစီးဌာနလုပ်ငန်း     သုံးခုတို့ကို   အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်