နယ်စပ်ရေးရာဝန်ကြီးဌာနမှ စားနပ်ရိက္ခာထောက်ပံ့လှူဒါန်း

 

 

နေပြည်တော် ဖေဖော်ဝါရီ ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့်    တိုင်းရင်းသားလူမျိုး များ   ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်    တနင်္သာရီတိုင်းဒေသ ကြီးအတွင်းရှိ  ဘုန်းကြီးကျောင်း များတွင်   ဆွမ်းဆန်တော်၊   ဆီ၊ ကုလားပဲ                    အမယ်သုံးမျိုး ကို    ဘုန်းကြီးကျောင်းများမှ  ရဟန်း၊  သာမဏေများအတွက် ဆက်ကပ်  လှူဒါန်းလျက်ရှိသည့်  အပြင်     မြန်မာနိုင်ငံတစ်ဝန်း လတ်တလော   ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးအတွက်  ကျန်းမာရေး ဆိုင်ရာ  အထောက်အကူပြုပစ္စည်း များနှင့်  အင်အားဖြည့်အစားအစာ များကို  ထောက်ပံ့လှူဒါန်းလျက်ရှိ သည်။ 
ထိုသို့    လှူဒါန်းလျက်ရှိရာ ဖေဖော်ဝါရီ    ၂၁   ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်  မြို့နယ် ကရပ်ပြင်ရပ်ရှိ ရတနာ မာန်အောင် သီလရှင်စာသင်တိုက် တွင် သီတင်းသုံးနေသော စာသင် သား  သီလရှင်အပါး ၇၀ အတွက် ဆွမ်းဆန်တော် အခက်အခဲ မရှိစေ ရန် တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုး မှုကြီးကြပ်ရေးရုံးမှ  ညွှန်ကြားရေး မှူး၊     ဦးရန်လင်းအောင်နှင့် ရုံး ဝန်ထမ်းများက ဆွမ်းဆန်ငါးအိတ်၊ ဆီ  ၁၀  ပိဿာ၊ ကုလားပဲ   ရှစ် ပိဿာစသည့်       လှူဒါန်းဖွယ် ထောက်ပံ့ပစ္စည်းများအား ပဓာန နာယကဆရာကြီး၊  ဒေါ်ရူပသိင်္ဂီထံ သို့ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။                သတင်းစဉ်