
နေပြည်တော် ဖေဖော်ဝါရီ ၁၇
နယ်စပ်ရေးရာဝန်ကြီး ဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများကို ရဟန်း၊ သာမဏေများ အတွက် ဆက်ကပ်လှူဒါန်းလျက် ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေး အတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့် အစားအစာများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အရှေ့ပိုင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး နှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့သစ် အရှေ့ပိုင်း အမှတ် (၁) ရပ်ကွက်ရှိ ဉာဏရိပ်မွန် ပရဟိတဘုန်းတော် ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော် ဦးပညာစက္ကထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းသည်။
ထို့ပြင် နယ်စပ်ရေးရာဝန်ကြီး ဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ခရိုင်/ မြို့နယ်များ ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေး ကျောင်းများနှင့် ကိုဗစ်- ၁၉ ကုသရေးစင်တာများ သို့လည်း ဆက်လက်ထောက်ပံ့လှူဒါန်းမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်