နယ်စပ်ရေးရာဝန်ကြီးဌာနမှ စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်း

 

နေပြည်တော်  ဖေဖော်ဝါရီ   ၉


နယ်စပ်ရေးရာ     ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့်     တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ    ဘုန်းကြီး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊    ကုလားပဲ     အမယ်သုံးမျိုး ကို ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊  သာမဏေများအတွက် ဆက်ကပ်  လှူဒါန်းလျက်ရှိသည့် အပြင်    မြန်မာနိုင်ငံတစ်ဝန်း လတ်တလော  ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးအတွက်   ကျန်းမာရေး ဆိုင်ရာ     အထောက်အကူပြု ပစ္စည်းများနှင့်     အာဟာရဖြည့် အစားအစာများကို    ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။ 

 


ထိုသို့   လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကော့သောင်း ခရိုင်     ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင် နှင့် ရုံးဝန်ထမ်းများ၊ ကော့သောင်း ခရိုင်သာသနာရေးဦးစီးမှူး ဦးနန္ဒ စိုး၊   လက်ထောက်ညွှန်ကြားရေး မှူးနှင့်      တာဝန်ရှိသူများက ကော့သောင်းမြို့ မြသီတဂူစာသင် တိုက်သို့ ဆွမ်းဆန် လေးအိတ်၊ ဆီ ၁၀ ပိဿာ၊ ကုလားပဲ ခုနစ်ပိဿာ စသည့် လှူဒါန်းဖွယ်ပစ္စည်းများကို ကျောင်းထိုင်ဆရာတော် ဦးကော ဏ္ဍာညထံသို့ လှူဒါန်းသည်။

 


နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် တနင်္သာရီတိုင်းဒေသ ကြီးနှင့်    ခရိုင်/မြို့နယ်များရှိ ဘုန်းတော်ကြီး     ကျောင်းများ၊ ဘာသာရေး       ကျောင်းများနှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများ သို့လည်း   ဆက်လက်ထောက်ပံ့ လှူဒါန်းသွားမည်    ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်