နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများကို ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   ဇန်နဝါရီ    ၂၂  


နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး   ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများသည်   ယနေ့နံနက်တွင် ဇမ္မူသီရိမြို့နယ်   အေးမြရွှေပြည် ကျောင်းတိုက်ရှိ   သံဃာတော် များ၊  စာသင်သား သာမဏေများ အတွက်   ဆွမ်းဆန်တော်၊  ဆီ၊ ဆား၊    ကုလားပဲ၊       ကြက်ဥနှင့် အခြားစား‌သောက်   ဖွယ်ရာများ အပြင်  သံဃာတော်များ၊  စာသင် သား သာမဏေများအတွက်  ဗုဒ္ဓ စာပေ၊ ဗလာစာအုပ်နှင့် စာရေး ကိရိယာများ လှူဒါန်းခဲ့သည်။

 


နယ်စပ်ရေးရာ  ဝန်ကြီးဌာန အနေဖြင့်  လတ်တလောဖြစ်ပွား လျက်ရှိသည့် ကိုဗစ်-၁၉  ကပ် ရောဂါကြောင့်    တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ  သံဃာတော် များ ဆွမ်းကွမ်းအခက်အခဲ  မရှိစေ ရေးအတွက် စာသင်တိုက်များသို့ လည်းကောင်း၊ ပရဟိတကျောင်း များသို့လည်းကောင်း   စားနပ် ရိက္ခာများ ထောက်ပံ့လှူဒါန်းလျက် ရှိသည့်အပြင်     ဒေသအသီးသီး ရှိ       ကိုဗစ် - ၁၉   စင်တာများသို့ လည်း စားနပ်ရိက္ခာများ ထောက်ပံ့ ကူညီပေးလျက်ရှိကြောင်း   သိရသည်။ 


သတင်းစဉ်