နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော်   ဩဂုတ်   ၁၄


နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့်  တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ ဘုန်းကြီးကျောင်း နှင့်     သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများကို ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး   လုံခြုံ ရေးနှင့်     နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး   သက်စိုး၊  နယ်စပ် ဒေသနှင့်   တိုင်းရင်းသားလူမျိုး များ   ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   တနင်္သာရီတိုင်းဒေသကြီး  ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး  ဦးရန်လင်း အောင်၊ တိုင်းဒေသကြီး သာသနာ ရေးမှူးတို့က ထားဝယ်မြို့   စန္ဒ သိင်္ဂီသီလရှင်ကျောင်း၊ လောင်းလုံး မြို့ ကျောင်းကြီးကျောင်း၊   သရက် ချောင်းမြို့နယ်    မှော်ရှည်ကုန်း ကျောင်းတို့ကို  ဆွမ်းဆန်တော် ၁၅ အိတ်၊  ဆီ  ၁၉  ဒသမ   ၅၀ ပိဿာ၊   ပဲ  ၃၉    ပိဿာတို့ကို သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။   

သတင်းစဉ်