နယ်စပ်ရေးရာဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာများသို့ ထောက်ပံ့လှူဒါန်း

 

နေပြည်တော်    မတ်   ၄ 


နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ရန်ကုန်အရှေ့ပိုင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး  ဦးမျိုးဇော်ဦးနှင့် အဖွဲ့ဝင်များသည် မတ်  ၃  ရက်က    ရန်ကုန်တိုင်းဒေသကြီး     မြောက်ဥက္ကာပမြို့နယ် ဝေဘာဂီစက်မှုလက်မှုအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကန့်သတ်စောင့်ကြည့် ကုသရေး စင်တာရှိ မြောက်ဥက္ကာလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မြတ်စန္ဒာအေးနှင့် မြောက်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     ဦးကပ်ကျော်တို့ထံ    အင်အားဖြည့် ဖြည့်စွက်အစားအစာများနှင့်    ဆေးရုံသုံး   တစ်ခါထိုး   ဆေးထိုးအပ် အချောင်း ၁၀၀၀ တို့ကို ထောက်ပံ့လှူဒါန်းခဲ့သည်။ 


သတင်းစဉ်