နယ်စပ်ရေးရာဝန်ကြီးဌာနက မောက်မယ်မြို့ မောက်စံ ဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ထောက်ပံ့လှူဒါန်း

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၆ 


နယ်စပ်ရေးရာဝန်ကြီး     ဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကိုဗစ်ကာလအတွင်း ဆွမ်း၊ ကွမ်းခက်ခဲသည့် ဘုန်းတော်ကြီး ကျောင်းများ၊ Churchကျောင်းများ အတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ စသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ နှင့်   Covid  Center  များအတွက် အာဟာရဖြည့်   အစားအစာများ၊ ဆေးဝါးများ၊ ရေသန့်များ စသည့် ထောက်ပံ့ပစ္စည်းများ     လှူဒါန်း ပေးလျက်ရှိရာ     ရှမ်းပြည်နယ် (တောင်ပိုင်း)      လင်းခေးခရိုင် မောက်မယ်မြို့  ဆီဆုံရပ်ကွက်ရှိ မောက်စံဘုန်းတော်ကြီးကျောင်း သို့   ဆွမ်းဆန်တော်၊   ဆီ၊  ဆား၊  ဆေး၊    ကုလားပဲနှင့်     ကြက်သွန်နီ   စသည့်လှူဖွယ်ဝတ္ထုပစ္စည်းများ ကို မောက်မယ်မြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး    ဦးလှဝင်းနှင့်    တာဝန်ရှိသူများက  ယနေ့   နံနက် ပိုင်းတွင် ကျောင်းထိုင်ဆရာတော် အရှင်ဂန္ဓမာထံ ဆက်ကပ်လှူဒါန်း ကြောင်း သိရသည်။      

သတင်းစဉ်