နယ်စပ်ရေးရာဝန်ကြီးဌာနက မြစ်ကြီးနားအထကသို့ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ လှူဒါန်း

 

မြစ်ကြီးနား   ဖေဖော်ဝါရီ    ၂    


နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့်  နယ်စပ်ဒေသရှိ  ဘုန်းတော်ကြီးသင် ပရဟိတကျောင်းများသို့ တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား  ကျောင်းသူများ အတွက် ဆန်နှင့် စားစရိတ် ထောက်ပံ့ငွေများ၊  နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ    ဖွံ့ဖြိုးရေးသင်တန်းကျောင်းများရှိ   ကျောင်းသား  ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသော အခြေခံ ပညာအထက်တန်းကျောင်းများသို့  ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ ထောက်ပံ့လှူဒါန်း လျက်ရှိသည်။ 

 


ဇန်နဝါရီ  ၃၁ ရက်တွင်လည်း ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ် ဦးစီးမှူး  ဒုတိယညွှန်ကြားရေးမှူး  ဦးကျော်ကျော်ဦးနှင့် ဝန်ထမ်းများက အမှတ်(၁) နယ်စပ်ဒေသ  တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း(မြစ်ကြီးနား)မှ ကျောင်းသား ကျောင်းသူများ တက်ရောက် ပညာသင်ကြားလျက်ရှိသော    အမှတ် (၉) အခြေခံပညာအထက်တန်း ကျောင်းသို့ နှာခေါင်းစည်း ၂၁၅ ဘူးနှင့် လက်သန့်ဆေးရည် ၄၃ ဘူးတို့ကို အဆိုပါ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုသန်းထံ ပေးအပ် လှူဒါန်းခဲ့သည်။                                                                  

သတင်းစဉ်