နယ်စပ်ရေးရာဝန်ကြီးဌာနက ကိုဗစ်စင်တာများသို့ ဆေးဝါးများ၊ အင်အားဖြည့် အစားအစာများ ထောက်ပံ့လှူဒါန်း

 

နေပြည်တော် ဇန်နဝါရီ ၂၃

 


နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေ ဖြင့်  ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များတွင်   ဆွမ်းဆန်တော်၊  ဆီ၊ ကုလားပဲများကို  ရဟန်းသာမဏေ များအတွက်     ဆက်ကပ်လှူဒါန်း လျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါကုသကာကွယ်ရေး စင်တာ များတွင်     ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ အင်အားဖြည့်   အစားအစာများ၊ ဆေးဝါးများ၊ ရေသန့်များကိုလည်း ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

 


ထိုသို့    ထောက်ပံ့လှူဒါန်း လျက်ရှိရာ  ယနေ့တွင်  ပြည်နယ် အစိုးရအုပ်ချုပ်ရေး       အဖွဲ့ခွဲ (ရှမ်းအ‌ရှေ့) အဖွဲ့ဝင် - ၁ ဒုတိယ ဗိုလ်မှူးကြီး   ကြည်မင်းသိန်းနှင့် ရှမ်းပြည်နယ်   ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးခွဲ  (ကျိုင်းတုံ)မှ    ဒုတိယ ညွှန်ကြား‌ရေးမှူး   ဦးသီဟဇော် တို့က  ကျိုင်းတုံပြည်သူ့ဆေးရုံ ကိုဗစ်  Center သို့ လိုအပ်သည့် ဆေးဝါးများ၊ ကျန်းမာရေးဆိုင်ရာ အင်အားဖြည့်အစားအစာများနှင့် ရေသန့်များ သွားရောက်လှူဒါန်း ခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာ လှဌေးမင်းနှင့်   တာဝန်ရှိသူများ က လက်ခံရယူခဲ့ပြီး  ဂုဏ်ပြု    မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။

 


နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်  တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့်    ရှမ်းပြည်နယ် (အရှေ့ပိုင်း)  နယ်မြေအတွင်းရှိ မိုင်းတုံမြို့နယ်၊  မိုင်းဆတ်မြို့နယ် ရှိ   ဘုန်းတော်ကြီးကျောင်းနှင့် Church ကျောင်းများသို့ ဆွမ်းဆန် တော်၊  ဆီ၊   ကုလားပဲများအား ထောက်ပံ့          လှူဒါန်းခဲ့ပြီး ကျန်မြို့နယ်များတွင်လည်း ဆက် လက်ထောက်ပံ့လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

 


သတင်းစဉ်