နယ်စပ်ရေးရာဝန်ကြီးဌာနက ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများသို့ အိမ်သုံးဆိုလာနှင့် ဆိုလာလမ်းမီးတိုင်များ ထောက်ပံ့ပေးအပ်

 

နေပြည်တော်   ဒီဇင်ဘာ   ၃


နယ်စပ်ရေးရာ       ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား  လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်ရှိ ကျေးရွာများဖြစ်သည့် ဆင်ဘုတ်ချောင်းဖျား     ကျေးရွာ၊ ပန်းတောကြီးကျေးရွာ၊ တောင် စွယ်(ခေါ်) တောင်ကြီးရင်းကျေးရွာ နှင့်  အဟောင်းတောင်ကျေးရွာ များသို့  အိမ်သုံးဆိုလာ ၆၈ စုံနှင့် ဆိုလာမီးတိုင်   ၆၀      ပေးအပ် ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀   နာရီက     ကျောက်ဖြူခရိုင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌    ကျင်းပ သည်။ 

 


ဦးစွာ   ကျောက်ဖြူခရိုင်    စီမံ အုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ    ဦးရဲ လင်းမောင်က      အမှာစကား ပြောကြားပြီး     ကျောင်ဖြူခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး      ဦးစိုးစံက လှူဒါန်းရသည့်  အကြောင်းရင်း နှင့်   အိမ်သုံးဆိုလာနှင့်  ဆိုလာ လမ်းမီးတိုင်       အသုံးပြုပုံများ ကို      ရှင်းလင်း    ပြောကြားကာ ကျေးရွာများမှ တာဝန်ရှိသူများထံ အိမ်သုံးဆိုလာ ၆၈ စုံနှင့် ဆိုလာ မီးတိုင်   ၆၀     ပေးအပ်ကြောင်း သိရသည်။


သတင်းစဉ်