နယ်စပ်ရေးရာဝန်ကြီးဌာနက စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်း

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂၆


နယ်စပ်ရေးရာဝန်ကြီး     ဌာန နယ်စပ်ဒေသနှင့်   တိုင်းရင်းသား လူမျိုးများ  ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ ဘုန်းတော် ကြီးကျောင်းများတွင်   ဆွမ်းဆန် တော်၊  ဆီ၊   ကုလားပဲများကို ဘုန်းတော်ကြီး  ကျောင်းများရှိ ရဟန်း  သာမဏေများအတွက် ဆပ်ကပ်လှူဒါန်းလျက်ရှိသည့် အပြင်    မြန်မာနိုင်ငံတစ်ဝန်း လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးအတွက်   ကျန်းမာရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်း များနှင့် အင်အားဖြည့်အစားအစာ များကို ထောက်ပံ့လှူဒါန်းလျက်ရှိ သည်။ 

 


ထိုသို့ထောက်ပံ့လှူဒါန်းလျက် ရှိရာ ယနေ့တွင်   ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့ပတ် လမ်း ရပ်ကွက်(၃)ရှိ ဓမ္မရက္ခိတ သီလရှင်စာသင်တိုက်တွင် သီတင်း သုံးနေသော စာသင်သား သီလရှင် အပါး ၇၀ အတွက် ဆွမ်းဆန်တော် အခက်အခဲမရှိစေရန်   ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း အရှေ့)၊ အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူး ကြီး ကြည်မင်းသိန်း၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) မှ     ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် ရုံးဝန်ထမ်းများက ဆွမ်းဆန် ရှစ်အိတ်၊ ဆီ ၁၁ ပိဿာ၊ ကုလားပဲ  ၁၈   ပိဿာစသည့် လှူဒါန်းဖွယ် ထောက်ပံ့ပစ္စည်းများ ကို   နာယကဆရာကြီး ဒေါ်ကဉ္စန ထေရီထံသို့ ထောက်ပံ့ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်းစဉ်