နယ်စပ်ရေးရာဝန်ကြီးဌာနက ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများကို ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   သြဂုတ်   ၇ 


နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့်    တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများသည် ယနေ့  နံနက်ပိုင်း တွင်   လယ်ဝေးမြို့နယ်ရှိ     ‘စမ’ တောင်  ပရဟိတဘုန်းတော်ကြီး ကျောင်းသို့            သွားရောက်၍ ကျောင်းတိုက်ရှိ ဝါဆိုသံဃာတော် များနှင့် ဒေသအသီးသီးမှ ပရဟိတ ဂေဟာသို့   ရောက်ရှိနေသည့် ကျောင်းသား    ကျောင်းသူများ အတွက် ဆန်အိတ် ၂၀၊ ဆီပိဿာ ၄၀၊ ဆားပိဿာ ၅၀၊  ပဲ ၇၅ ပိဿာ နှင့် ကြက်ဥအလုံး   ၃၀၀  တို့ကို ထောက်ပံ့လှူဒါန်းသည်။


နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့်  လတ်တလောဖြစ်ပွား လျက်ရှိသည့်   ကိုဗစ်-၁၉  ကပ် ရောဂါကြောင့်   တိုင်း/ပြည်နယ် ဒေသကြီးအသီးသီးရှိ ဝါဆိုသံဃာ တော်များ ဆွမ်း၊ ကွမ်းအခက်အခဲ မရှိစေရေးအတွက် စာသင်တိုက် များသို့လည်းကောင်း၊   ပရဟိတ ကျောင်းများသို့   လည်းကောင်း စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း လျက်ရှိသည့်အပြင်         ဒေသ အသီးသီးရှိ ကိုဗစ်-၁၉   စင်တာ များသို့လည်း      စားနပ်ရိက္ခာ များ     ထောက်ပံ့ကူညီပေးလျက်ရှိ ကြောင်း သိရသည်။

 သတင်းစဉ်