နယ်စပ်ရေးရာဝန်ကြီးဌာနက ဘုန်းတော်ကြီးကျောင်းများ၊ Church ကျောင်းများနှင့် ကိုဗစ်-၁၉ စင်တာများသို့ ထောက်ပံ့လှူဒါန်း


 

နေပြည်တော်   ဇန်နဝါရီ   ၃၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊       နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  အနေဖြင့် ကရင်ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်း များမှ ရဟန်း၊ သာမဏေများ ဆွမ်း၊ ကွမ်း အဆင်ပြေ စေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ် သုံးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေး  အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့်အစား အစာများကိုလည်း ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဇန်နဝါရီ ၃၁ ရက်တွင် ကော့ကရိတ်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ရုံးမှ    ဒုတိယညွှန်ကြားရေးမှူး   ဦးစောထူးနှင့်  ကော့ကရိတ်မြို့နယ်   စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးတို့က ကော့ကရိတ်မြို့ သတိပဋ္ဌာန် ကျောင်းသစ် ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန် တော် ခြောက်အိတ်၊ ဆီ ၁၀ ပိဿာ၊ ကုလားပဲ ၁၀ ပိဿာ စသည့်လှူဒါန်းဖွယ် ထောက်ပံ့ပစ္စည်းများကို ကျောင်းထိုင်ဆရာတော်ထံသို့     လည်းကောင်း၊ ကော့ကရိတ်မြို့ လေသာဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်    ခြောက်အိတ်၊   ဆီ ၁၀ ပိဿာ၊ ကုလားပဲ ၁၀ ပိဿာ စသည့်လှူဒါန်းဖွယ် ထောက်ပံ့ ပစ္စည်းများကို ကျောင်းထိုင်ဆရာတော်ထံသို့ လည်း ကောင်း ထောက်ပံ့လှူဒါန်းကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်  ကရင် ပြည်နယ်နှင့် ခရိုင်၊   မြို့နယ်များရှိ   ဘုန်းတော်ကြီး ကျောင်းများ၊ Church ကျောင်းများနှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများသို့လည်း ဆက်လက်ထောက်ပံ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်